အပိုင်း (၁၀၄) ယွမ် နှစ်သိန်း

Start from the beginning
                                    

ရှန်ယွဲ့က မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လိုက်ချိန်တွင် သူမ မောင်လေး၏မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေသည့်စိတ်တို့ ပြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

ဒါသည် အားနည်းသည့် မောင်လေးရှေ့တွင် ရက်စက်ပြီး သွေးသံရဲရဲနှင့် ကြမ်းတမ်းခက်ထန်သည့် သူမ၏အခြမ်းကို ပထမဆုံး ချပြခဲ့ခြင်းပင်။ အရင်က တိုက်ခိုက်ရချိန်၊ လူသ-တ်ရချိန်တွင် သူမသည် ရှန်ချန်ကို တမင်ရှောင်ခဲ့ပြီး သူ့ကို ဘာတစ်ခုမှ သတိထားမိအောင် မလုပ်ခဲ့ပေ။

ငါ ရှန်ချန်ကို ခြောက်လန့်မိသွားပြီလား။ ဒါမှမဟုတ် ရှန်ချန်က ငါ မှားသွားပြီလို့ ထင်သွားပြီလား။ ရှန်ယွဲ့၏စိတ်တို့သည် တဖြည်းဖြည်း ညိုးငယ်လာတော့သည်။

သို့သော် ရှန်ချန်က သူ့နှုတ်ခမ်းများကို တင်းထားလိုက်ပြီး ရှန်ယွဲ့၏ ခံစားချက်မဲ့နေသည့်မျက်လုံးများကို တည့်တည့်ကြည့်လိုက်၏။ သူက သတ္တိများကို စုစည်းလိုက်ပြီး ရှင်းပြလိုက်လေသည်။

"အစ်မ နင့်အတွက် ပိုက်ဆံရှာရတာ မလွယ်ဘူးလို့ ငါထင်တယ်၊ ဒီလို အရိုင်းစိုင်းကောင်အတွက် နင့်ပိုက်ဆံတွေကို အလကား မဖြုန်းလိုက်တာ အကောင်းဆုံးပဲ၊ ဒါပေမယ့် နင် သူ့ကို တကယ် အသေရိုက်ချင်တယ်ဆိုရင်.... ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ၊ နင်ဘယ်ကိုပဲသွားသွား ထောင်ထဲပဲရောက်ရောက် ငါ နင်နဲ့ အဖော်လိုက်ခဲ့မယ်"

ရှန်ချန်သည် ရှန်ယွဲ့က သူအရိုက်ခံရပြီး အနိုင်ကျင့်ခံရသည့်အတွက် စိတ်မကောင်းဖြစ်နေမှန်း သိလေသည်။ ထို့ကြောင့် သူမက သူ့ဒေါသများကို ကူဖြေပေးပြီး သူ့ကို အနိုင်ကျင့်နေသူများကို သင်ခန်းစာပေးလိုက်ခြင်းပင်။ သူမသည် သူ့အတွက် အန္တရာယ်အားလုံးကို ယူပေးလိုက်ခြင်းပင်။

ထို့ကြောင့် သူသည် ရှန်ယွဲ့ကို စဥ်းစားပေးလိုက်သည်။ သူသည် ရှန်ယွဲ့အား အပြစ်မတင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်ယွဲ့ ဘာပဲလုပ်လုပ် သူက သူမဘေးတွင် ပြတ်ပြတ်သားသား ရပ်တည်ရလိမ့်မည်။ သူသည် ရှန်ယွဲ့က ခံစားချက်များ လွှမ်းမိုးခဲ့ရပြီး သူမကို နောင်တရစေမည့် တစ်ခုခု မလုပ်မိအောင်ပဲ မျှော်လင့်ရတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now