အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ

Start from the beginning
                                    

" ငါ နင့်ရဲ့ လက်တစ်ချောင်းကို ယွမ်တစ်သိန်းပေးပြီး ထုခြေလိုက်မယ်၊ စုစုပေါင်း လက်ဆယ်ချောင်းဆိုတော့ ငါ အားလုံးကို ထုခြေပြီးသွားရင် နင့် ယွမ်တစ်သန်းပေးမယ်"

ကျန်းရန်၏ ကြောက်ရွံ့နေသည့်မျက်နှာကို ကြည့်ရင်း ရှန်ယွဲ့သည် အလွန်းအမင်း ရွံရှာသွားတော့သည်။ အခုလေးတင်ပဲ ဒီကောက ရှန်ချန်ရဲ့ခြေထောက်ကို ကျိုးတော့မှာဆိုပြီး လက်ခုပ်တီးအေားပေးနေတာလေ။ အခုတော့ ငါက သူ့ကို ဒီလိုခြိမ်းခြောက်နေရုံနဲ့ သူက ထပ်ပြီးသည်းမခံနိုင်တော့အောင် အရမ်းကြောက်နေသတဲ့လား။

" မယူဘူး၊ ငါ ဘာပိုက်ဆံမှာ မလိုချင်ဘူး၊ ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်"

ကျန်းရန်သည် အိပ်မက်ထဲမှာ နိုးထလာသည့်နှယ်။ သနားညှာတာဖို့တောင်းဆိုရင် မျက်ရည်နှင့်နှာရည်များ စီးကျလာတော့သည်။

ချောင်ဖန်းကတော့ ဗလုံးဗထွေးနှင့် ကျိန်ဆဲနေတော့သည်။

" အရူးမ အရူး၊ ငါ့သားကိုများ ထိရဲရသလား၊ နင့်အသက်နဲ့ ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်"

မကြာလိုက်ပေ။ ချောင်ဖန်း၏ပါးစပ်ကို သက်တော်စောင့်များက အဝတ်စုတ်တစ်ခုဖြင့် စည်းထားလိုက်တော့သည်။ သူမသည် ကျန်းရန်မှာ အောက်တွင် ဖိနှိပ်ခံရနေသည်ကိုသာ ကြည့်နေနိုင်ပြီး သူမကိုယ်တိုင်က အသံတစ်သံပင် မထွက်နိုင်ချေ။ ရှန်ယွဲ့က သူမ၏လက်ထဲက တူကို ပစ်ထုတ်လိုက်ပြီး အဆင်ပြေသည့်အနေအထားတစ်ခုကို ပြင်ဆင်လိုက်သည်။ သူမသည် လက်ကို မြောက်လိုက်ပြီး ကျန်းရန်၏ ညာဘက်လက်မကို ထုချလိုက်တော့သည်။

"အားးးးးး"

ကျန်းရန်သည် ချက်ချင်းဆိုသလို နာကျင်မှုကြောင့် ပိုးတုံးလုံးတစ်ကောင်လို တွန့်လိမ်သွားပြီး မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများနှင့် ကျယ်လောင်စွာ အော်ဟစ်နေလေသည်။ သေချာမသိသူများက ရုံးခန်းထဲတွင် ဝက်တစ်ကောင်ကို သ-တ်ဖြတ်နေသည်ဟု ထင်ကြလိမ့်မည်။

ကျန်းရန်၏လက်မသည် ခရမ်းရောင်ပြောင်းသွားလေသည်။ သူ့အရိုးများသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေသည်။ လက်ဆယ်ချောင်းက နှလုံးနှင့် ဆက်သွယ်ထားသည်ဟုသည့် ဆိုရိုးစကားအတိုင်းပင်။ သည်ပြင်းထန်လှသည့်နာကျင်မှုက သူ့ကို သတိလစ်သွားစေတော့မည့်နှယ်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now