ကုယွင်က ထိုစာရွက်ဖိသည့်တုံးကို လက်မလွှတ်ဘဲ အကြာကြီး ကိုင်ထားတာကြောင့် စုယွိက သူ မော့ကြည့်လာပြီး ပြုံးလိုက်ကာ "မင်းမှာ ထိုးထွင်းသိမြင်တက်တဲ့ စိတ်တော့ ရှိနေသေးပုံပဲ၊ စာရွက်ဖိတဲ့တုံးက ပစ္စည်းကောင်းဆိုတာ မင်း သိတယ်လား?"

ကုယွင်က ထိုအရာကို အချိန်အတော်ကြာ ကစားနေခဲ့ပြီး လေးထောင့်ပုံသဏ္ဍာန်ကို အလျားလိုက်ကနေ ဒေါင်လိုက်၊ ဒေါင်လိုက်ကနေ အလျားလိုက်လျောက်ရွေ့နေရင်း ပြန်ချလိုက်သည့်အခါ ထိုစာရွက်ဖိသည့်တုံးပေါ်တွင် ပါ့ကွာပုံစံတစ်ခု ပေါ်လာသည်။ သူမ၏ နှလုံးက ရုတ်တရက် စောင့်ခုန်သွားသည်။ ဤအရာက ထိုရွှေရောင်ပါ့ကွာစက်ဝိုင်းပြား၏ပုံစံနှင့် အတူတူပင်ဖြစ်နေပြီး လက်ရာမြောက်သော ရှစ်ထောင်ပုံစံက ရိုးရှင်းနေသော်လည်း တိကျသော လိုင်းများရှိနေကာ သူမက ၎င်းကို လုံဝ မမှားနိုင်ပေ။

ဒီရက်တွေမှာ သူမ ဒီကိုရောက်လာရတဲ့ အကြောင်းရင်းကို သူမ တွေးနေမိသည်။ အဲဒီတုန်းက သူမတို့က ရွှေရောင်ပါ့ကွာစက်ဝိုင်းပြားကို ကိုင်ထားပြီး အနီရောင်များ တဖျပ်ဖျပ်တောက်ပလာပြီး သတိမေ့သွားကာ ဒီနေရာမှာ ပြန်နိုးလာခဲ့သည်။ ပင်းလျန့်၏ထူးဆန်းသော မှော်စွမ်းအားကို မြင်ခဲ့တာကြာင့် ယခု ပါ့ကွာ့ပုံစံကို မြင်လိုက်တာနဲ့ စုမိသားစုတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရှိ မရှိကို သူမ တွေးနေမိသည်။ ဤစွမ်းအားက သူမ ဤနေရာတွင် ပေါ်လာရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။

ကုယွင်က စကားတစ်ခွန်းမှ မပြောဘဲ ထိုစာရွက်ဖိသည့်တုံးကို အကြာကြီး စိုက်ကြည့်နေသည်။ စုယွိက "မင်း ဘာတွေလုပ်နေတာလဲ မင်းက ငတုံးလား"

ကုယွင်က သူမကိုယ်သူမ ပြန်ထိန်းချုပ်လိုက်ပြီး စုယွိကို မျက်နှာမူကာ စာရွက်ဖိသည့်တုံးကို မြှောက်ပြလိုက်ပြီး "ဒီပုံစံက အရမ်းထူးခြားတယ်၊ ဘာလို့ ဒီပုံစံကို စာရွက်ဖိတဲ့တုံး ပေါ်မှာ ထွင်းထားရတာလဲ"

ဒီမိသားစုထဲမှာ စုယွိက ကိုင်တွယ်ဖို့ အလွယ်ဆုံးပါ။ ဒီမိသားစုထဲမှာ ဒီတစ်ယောက်ပဲ သူမလိုချင်တဲ့ အဖြေကို ပေးနိုင်ပေမည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now