သူတို့နှစ်ယောက်က လိုက်လျောညီညီ စကားစမြည် ပြောဆိုနေကြတာကြောင့် စုယွိက စိတ်မသက်မသာဖြစ်လာပြီး သူ့မျက်နှာက မည်းမှောင်လာကာ "ဟေး၊ မင်းတို့နှစ်ယောက် ငါကို သေပြီလို့ ထင်နေတာလား?? ငါက မင်း အကူအညီလိုနေလို့လား?? ငါ့ကို လာနောက်နေတာလား??"

ကုယွင်က ပြန်ဖြေရန် ပျင်းလွန်းနေတာကြောင့် ခပ်ဖျော့ဖျော့သာ ပြုံးနေလိုက်သည်။ ကူညီမလား မကူညီဘူးလားဆိုတဲ့ မေးခွန်းကို စုရန်က စတင်ခဲ့တာဖြစ်ပြီး သူမနဲ့ ဘာမှ မဆိုင်ပါဘူး။

စုရန်က စုယွိရဲ့ဒေါသကို လျစ်လျူရှုလိုက်ပြီး ဆက်လက်ပြုံးနေဆဲ မျက်နှာဖြင့် "ကောင်းပြီ၊ မင်းတို့က မကန့်ကွက်ဘူးပေါ့၊ ဒါဆို စည်းမျဥ်းစည်းကမ်းတွေကို ငါ ဆုံးဖြတ်မယ်။ သူတို့ အားလုံးက လူသစ်တွေမို့၊ ငါက သိပ်ခက်ခဲတဲ့ အလုပ်တွေ မပေးပါဘူး၊ ပြိုင်ပွဲရဲ့တည်နေရာက အနောက်ဘက်ဆင်ခြေဖုံးမှာရှိတဲ့ စုမိသားစုစစ်တပ်ရဲ့တပ်စခန်းပဲ၊ ပြိုင်ဆိုင်ရမယ့်ကိစ္စက အရမ်းရိုးရှင်းတယ်။ အထဲမှာ တစ်ခုခုထည့်ထားတဲ့ သစ်သားသေတ္တာတစ်လုံးကို စခန်းထဲက အခန်းတစ်ခုထဲမှာ ကျပန်း ထည့်ထားမယ်၊ အဲ့သစ်သားသေတ္တာကို ခိုးယူနိုင်တဲ့သူက အနိုင်ရလိမ့်မယ်"

"ဒါက ဘယ်လို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုးလဲ" စုယွိက ပထမဆုံး ဆန့်ကျင်လိုက်သည်။ အဲ့ဒါကို ညဘက် စီးနင်းတိုက်ခိုက်ခြင်းလို့ ဘယ်လိုမှ မခေါ်နိုင်ပါဘူး။ တစ်စုံတစ်ခုကို ခိုးယူရန်ကသာ တစ်ခုတည်းသော ဦးတည်ချက် ဖြစ်နေပြီး တပ်နှစ်တပ်က အချင်းချင်း ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နိုင်ခြင်း မရှိဘူး၊ အဲ့တာဆိုရင် တပ်သားတွေရဲ့လေ့ကျင့်မှုနိုင်မှုအဆင့်ကို ဘယ်လို တိုင်းတာ သတ်မှတ်မှာလဲ??

စုရန်က စုယွိ ကန့်ကွက်လာမည်ကို ကြိုတင် မှန်းဆထားသလို ပုံစံနဲ့ အေးအေးဆေးဆေး ရှင်းပြလာသည်။ "ဟုတ်တယ်၊ လက်တွေ့မှာ ရန်သူ့စခန်းက ပစ္စည်းတွေကို ခိုးယူဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဆယ့်ငါးရက်လောက်ဘဲ လေ့ကျင့်ထားတဲ့ မင်းရဲ့တပ်သားသစ်တွေကို သုံးပြီး ငါတို့စစ်တပ်ရဲ့ အဆင့်မြင့်လက်ရွေးစင်တွေနဲ့ ထိပ်တိုက်တွေ့နိုင်မယ်လို့ ထင်လား"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now