အဝါရောင်နှင်းဆီသားစားပွဲခုံကြီး၏နောက်တွင် ထိုင်နေသော စုရန်က စာဖတ်ခန်းထဲတွင် သူတို့၏အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသော လူနှစ်ယောက်ကို ကြည့်ကာ အနည်းငယ် အံ့သြနေသလို ရယ်လည်းရယ်ချင်နေမိသည်။ သူတို့က တွေးနေတာချင်းတောင် လိုက်ပြိုင်နေကြတာလား?? သူတို့က ဘာလို့ ဒီကိစ္စကို အရမ်းအလေးအနက်ထား ဂရုစိုက်ပြုနေတဲ့ ပုံပေါ်နေတာလဲ??

စုရန်က အတွေးရှည်ကြီးများထဲတွင် နှစ်မြောနေသော လူနှစ်ယောက်၏ အာရုံကို ပြန်လည်ဆွဲခေါ်ရန် အနည်းငယ် ချောင်းဟန့်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ ထိုနောက် သူက ပြုံးနေကာ "မင်းတို့ နှစ်ယောက်ကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းက ညဘက်တိုက်ခိုက်ပွဲကို ပြိုင်ဆိုင်ဖို့ ဆုံးဖြတ်ထားတဲ့ ပုံစံကို ဆွေးနွေးဖို့ပါ၊ မင်းတို့က ဘယ်လိုတိုက်ပွဲမျိုးကို ပြိုင်ချင်လဲ"

စုယွိက အရင် သတိပြန်ဝင်လာပြီး တွေးနေဆဲဖြစ်သော ကုယွင်ကို တစ်ချက်ကြည့်လိုက်ကာ "ငါက ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက် အရေးမကြီးဘူး"

ကုယွင်ကလည်း ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့ "ကျွန်မလည်း ဂရုမစိုက်ဘူး၊ ရှင်ကြိုက်သလို ဆုံးဖြတ်လို့ရတယ်၊ အားလုံးက ရှင့်အပေါ်မှာပဲ မူတည်တယ်"

စုရန်က မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ငါက စန်းတိကို မျက်နှာသာပေးမှာကို မင်း မကြောက်ဘူးလား?"

ကုယွင်က ဒီနေ့ နည်းနည်းပျင်းနေပုံရပြီး သူမက ထိုင်ခုံနောက်ကျောကို တဝက်မှီထိုင်နေရင်းပြီး "ရှင် သူ့ကို တကယ်ကူညီချင်ရင် ရှင် သူ့ကို ကူညီဖို့ ဘာမဆို လုပ်လို့ရတယ်"

စုရန်က လောကကြီးမှ အရာအားလုံး ကမောက်ကမဖြစ်အောင် လုပ်ရတာကို သေချာပေါက် သဘောကျတတ်သူဖြစ်သည်။ သူက အပြင်ပန်းမှာ အေးဆေးတယ်ထင်ရပေမယ့် သူရဲ့နူးညံ့သောသွင်ပြင်ကို အသုံးချကာ သူများကို အပျော်သဘောနှင့် ညှဉ်းဆဲတတ်သူ ဖြစ်သည်။ သို့သော်လည်း အလုပ်လုပ်ရာတွင် လေးနက်သောစိတ်ထားရှိပြီး တိကျကာ စိတ်အားထက်သန်သူဖြစ်သည်။ သူက စုယွိကို မကူညီရုံသာမက အခြား သမားရိုးကျမဟုတ်သော ပြိုင်ဆိုင်မှုနည်းလမ်းများပါ ရှိလာနိုင်သည်ဟု သူမ ခန့်မှန်းနိုင်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now