ကုယွင်က သူ့လက်ထဲမှ အလံကို လှမ်းယူလိုက်ကာ လှောင်ပြောင်မှုများပြည့်နေသော အမှုအရာဖြင့် "မင်း အနိုင်ရတယ်လို့ မင်း ထင်နေတာလား"

ကောကျင့်ယွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်နှာကို စိုးရိမ်တကြီးကြည့်လိုက်ကာ "အောင်ပွဲအလံကို ယူနိုင်တဲ့သူက အောင်နိုင်သူလို့ ခေါင်ဆောင် ပြောခဲ့တယ်လေ"

သူမက သူမပြောခဲ့တဲ့ စကားကို သူမ ကိုယ်တိုင် ပြန်ပြင်ချင်နေတာလား!???

သူမ၏နူးညံ့သောလက်များဖြင့် သူ့ပ့ခုံး တင်းတင်းကျပ်ကျပ် တွန်းလိုက်ပြီး သူ့ကို နောက်ပြန်လှည့်ကြည့်စေလိုက်သည်။ ကုယွင်က "မင်းမှာ စစ်သည်ဘယ်နှစ်ယောက်ရှိသေးလဲ ရေတွက်ကြည့်လိုက်"

ကောကျင့်ယွင်က ပြန်လှည့်ကြည့်လိုက်ရာ သူ့စစ်သည်တချို့က ရွှံ့တွေနဲ့ ဖုံးလွှမ်းနေပြီး တချို့က သူတို့လက်ထဲမှာ မြှားအမွေးတွေ ရှိနေတာကို သူတွေ့လိုက်ရသည်။ ဒီလူတွေကို "အဖမ်းခံလိုက်ရပြီ" ဒါမှမဟုတ် "သေသွားပြီ"ဟု ယူဆနိုင်သည်။ သူ့နောက်တွင် ပြန့်ကျဲရပ်နေသော ဆယ်ယောက်ကျော်ကျော်သာရှိနေတဲ့လူတွေကို ကြည့်လိုက်ပြီး ကောကျင့်ယွင်ရဲ့ အခုနက ယုံကြည်မှုတွေက အခုတော့ ဆုတ်ယုတ်သွားခဲ့သည်။

သူက အကြာကြီး နှုတ်ဆိတ်နေပေမယ့် ကုယွင်က သူ့မျက်နှာကို ဂရုမစိုက်ဘဲ ဆူပူလိုက်သည်။ "ဆယ့်ရှစ်ယောက်!! မင်းမှာ ဆယ့်ရှစ်ယောက်ပဲ ကျန်တော့တယ်!! ဒီညက တိုက်ခိုက်မှုမှာ မင်းဘက်က အသေအပျောက်က အရမ်းပြင်းထန်တယ်။ ပြန်တွက်ကြည့်ရင် လမ်ရှောင်းရဲ့လူတွေ ဘယ်နှယောက် အသက်ရှင်သေးလဲ? ရေကြည့်လိုက်! တစ်ရာ့သုံးဆယ့်ရှစ်... ရန်သူနဲ့ တကယ်ထိပ်တိုက်တွေ့တဲ့ အချိန်မှာ အောင်လံကို ရရင် မင်းအနိုင်ရတယ်လို့ မင်းထင်နေသေးလား၊ မင်းအပါအဝင် ဆယ့်ကိုးယောက်ဘဲ ကျန်မှတော့ ဒီအလံကို ဘာလို့ မလွှတ်ပစ်လိုက်တာလဲ။ မင်း အသက်ကိုရော ဘာလို့ ချန်ထားဦးမှာလဲ၊ မင်းရဲ့အမှားတွေကြောင့် မင်းရဲ့ညီအကိုတွေ အများကြီးကို သတ်လိုက်မိပြီ၊ မင်းက မင်းအနိုင်ရခဲ့တယ်လို့ ပြောဝံ့သေးတယ်လား??"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now