"ငါပျောက်သွားရင် နင်!  နင် ! အဖမ်းခံရမှာ မကြောက်ဘူးလား"

"မင်းကိုစိတ်ပူတဲ့သူ? ရှိလို့လား?"

"ငါ....."

ဆောင်းသံစဉ်မောင် တွေဝေသွားတဲ့အချိန် မင်းဧကရာဇ်က လက်ညိုးကိုလှုပ်လိုက်တယ်

လူနှစ်ယောက်က ရှေ့တက်လာကာ တစ်ယောက်က သူမကိုထိန်းချုပ်ကာ တစ်‌ယောက်ကတော့ မေ့ဆေးပုဝါနဲ့အုပ်လာခဲ့တယ်

"အားးးး! "

လက်မခံချင်လို့အတန်ကြာ ငြင်းဆန်နေပေမဲ့ သူမရဲ့ရုန်းကန်နေတဲ့ခြေလက်တွေက ကြာတော့အားမရှိတော့ပဲ ပျော့ခွေသွားပြီး သူမရဲ့အသိစိတ်လဲဝေဝါးသွားတော့တယ်

ခနအတွင်းမှာပဲ မင်းဧကရာဇ်က အခန်းထဲကထွက်လာပြီး လူတစ်ယောက်ဟာ တွန်းလှည်းပေါ်က ဆောင်းသံစဉ်မောင်ကို တွန်းလာကာ နောက်တယောက်ကတော့ မင်းဧကရာဇ်နောက်မှာ လိုက်သွားလေတော့တယ်

အားလုံးကလဲ လူနာရှင်ပဲထင်ကြတာဆိုတော့ ဘာအတားအဆီးမှမရှိပဲ ထွက်ခွာသွားနိုင်ခဲ့လေတယ်

ဆောင်းသံစဉ်မောင် နိုးလာတော့ သူမအခန်းတစ်ခန်းထဲရောက်နေကာ ကိုယ်တခုလုံးကလဲ တချို့နေရာတွေကိုသာဖော်ထားတဲ့အတိုအပြတ်တွေဝတ်ထားတာမြင်လိုက်ရလေတယ်

ဘေးနားကစောင်နဲ့ကာလိုက်ရင်း
ငြိမ့်ခနဲ ငြိမ့်ခနဲ ခံစားမူ့ကြောင့် ပြတင်းပေါက်ကိုကြည့်လိုက်တော့ ပင်လယ်ပေါ်မောင်းနှင်နေတဲ့နိုင်ငံလှည့်အပျော်စီးသင်္ဘောထဲရောက်နေတယ်ဆိုတာကို လက်မခံနိုင်စရာတွေ့လိုက်ရလေတယ်

ဒီအနေအထား ဒီပုံစံ ဒီနေရာ ..

သူမ ရောင်းစားခံလိုက်ရတာပဲ

မြတ်ပန်းဝေနေရာမှာ သူမရောက်‌လာတာ

ရုတ်တရက်  သူမသတိမမေ့ခင်က မင်းဧကရာဇ်ပြောခဲ့တဲ့စကားကိုပြန်ကြားယောင်မိလာခဲ့တယ်

"""ဘာမှမလုပ်ချင်ပါဘူး မင်းလုပ်တဲ့အတိုင်းပဲပြန်လုပ်မှာပါ စိတ်မပူနဲ့"""

"အားးးးးး !! !  မင်းဧကရာဇ် ငါနင့်ကိုသတ်ချင်တယ် ! ! "

ဆောင်းသံစဉ်မောင်အော်လိုက်ပြီးတာနဲ့ ချက်ချင်းလိုလို တံခါးဖွင့်သံကြားလိုက်ရလေတယ်

"ကောင်မလေးနိုးလာပြီ ဝင်သွားလို့ရပါပြီလူကြီးမင်း"

အပြင်က စကားသံတချို့ကြောင့် နမိတ်မကောင်းသလိုခံစားလိုက်ရတဲ့ဆောင်းသံစဉ်မောင်က တံခါးပေါက်မှာပေါ်လာတဲ့ ထောင်ထောင်မောင်းမောင်းလူကောင်ထွားထွားကြီးကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ မတရားကြောက်လန့်သွားလေတော့တယ်

တံခါးကပိတ်သွားတယ် နှင်းဆီပန်းပေါ်လိပ်ပြာကလာနားတယ် ပန်းအိုးကလဲကျကွဲသွားတယ် ကုတင်ကလဲယိမ်းထိုးလှုပ်ရှားသွားခဲ့တယ်  ဇတ်လမ်းပြတ်သွားပြီ ပိတ်ကားချသွားခဲ့ပြီး မိန်းကလေးတစ်ယောက်က လူသိသူသိဘဝပျက်သွားခဲ့လေတယ်

လက်သည်တရားခံကတော့ ဆောင်းသံစဉ်မောင်ကို ရောင်းချလို့ရလာတဲ့ငွေနဲ့ ဟန်းချိန်းတကုံးလုပ်ပေးလာကာ မြတ်ပန်းဝေလက်ပေါ်ရောက်ရှိဖို့အရေး ခွေးပေါက်လေးလို့ နောက်ကလိုက်ပြီးပူဆာနေတာ ရက်စက်တတ်တဲ့သူမဟုတ်တဲ့အတိုင်း အကယ်ဒမီရှော့ပဲ

ဘာမှမတတ်နိုင် မငြင်းဆန်နိုင်တော့တဲ့အဆုံး မြတ်ပန်းဝေကတော့ တလက်လက်‌ထနေတဲ့puppy eyeနဲ့ကြည့်နေတဲ့မင်းဧကရာဇ်ရှေ့ လက်ထိုးပေးလိုက်ရလေတော့တယ်

"အမြဲဝတ်ထားရမယ်‌နော် မြတ်ကလေး"

"အေး ဝတ်မယ် ကျေနပ်ပြီမဟုတ်လား သွားတော့ "

"မချွတ်ရဘူးနော်"

"အေးပါဆို"

"တကယ်နော်"

"ဆယ်ကယ်"

‌ခေါင်းငြိမ့်ပါများလို့ ခေါင်းပါမူးနောက်လာတော့မှ မင်းဧကရာဇ်ကလွှတ်ပေးလေတယ်

"မြတ်ကလေး"

"ဘာလဲ"

"နင်လေ skyကို မကြိုက်လို့မရဘူးလားဟင်"

"ငါ့ဘာသာ ဘယ်သူ့ကြိုက်ကြိုက် နင့်အပူလား "

"ငါ ငါလေ...."

-ငါအူတိုလို့ နင့်ကိုစိတ်မချလို့ ပြီးတော့ နင်က အဲ့ကောင်နဲ့အတူရှိရင် ငါ‌ဒေါသထွက်တယ် စိတ်ဆိုးတယ် လူသတ်ချင်လာတယ် -

စိတ်ထဲကစကားတွေ သူ ထုတ်မပြောရဲဘူး

ဘာလို့ဆို သူမနဲ့အနီးကပ်နေခွင့်လေးတွေပါ ဆုံးရှုံးသွားမှာစိုးလို့ သူ ရှေ့မတိုးရဲဘူး

ဒါပေမဲ့လဲ သူမ စိတ်ဆိုးသွားမှာစိုးလို့ ဗြောင်လဲမကန့်ကွက်ရဲဘူး

တဖက်သတ်အချစ်ကအရမ်းခက်ခဲတာပဲ

.....🥕🥕🥕🥕🥕🥕🥕🥕🥕🥕🌿🌿🌿🌿🌿🌿🥕🥕🥕🥕🥕🥕🌿🌿🌿🥕🥕

Alinkar nang 🌿🌿🌿

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiTahanan ng mga kuwento. Tumuklas ngayon