အပိုင်း(42)
မြတ်ပန်းဝေအေးခဲသွားပေမဲ့ နောက်ထပ်ဘာမှဆက်ဖြစ်မလာခဲ့လေဘူး
"ဘာဖြစ်တာလဲ "
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး "
မြတ်ပန်းဝေ ငြိမ်ကျသွားတာနဲ့တပြိုင်ထဲမှာပဲ သူမ သူ့ရင်ခွင်ထဲရောက်နေတာကိုပါသတိပြုမိသွားတယ်
သူမကသူ့ကိုဖက်တာဆိုပေမဲ့ သူဘယ်အချိန်ကသူမကိုရင်ခွင်ထဲထည့်လိုက်မှန်းမသိ သူမကသာ အဖက်ခံရသူဖြစ်သွားခဲ့လေတယ်
"ကိုယ်မင်းကိုနမ်းလို့ရလား"
"ဟင်? "
"ဟင်လို့?"
"အွန်း "
သူမ သဘောတူလိုက်တာနဲ့ သူ့နှုတ်ခမ်းဟာသူမရဲ့နှုတ်ခမ်းပေါ်ရောက်လာခဲ့လေတယ်
အိအိလေးနဲ့နွေးနွေးထွေးထွေးလေး ရစ်မူးစေနိုင်သလို သူမရဲ့စိတ်အစဉ်ကိုလဲ အဲ့အနမ်းထဲမျောပါစေနိုင်တယ်
အထဲက နွေးထွေးတဲ့မြင်ကွင်းနဲ့ဆန့်ကျင်စွာ ဆေးရုံခန်းအပြင်ကမင်းဧကရာဇ်ကတော့ ငိုနေလေရဲ့
သူအရမ်းအတ္တကြီးတယ် ရမ်းကားတယ် တကိုယ်ကောင်းဆန်တယ် သူစိတ်ဝင်စားတာဆို ဘယ်သူ့ကိုမှမပေးချင်ဘူး အချစ်တွေကိုလဲ မဝေမျှချင်ဘူး
ဒါပေမဲ့ မြတ်ကလေးက လူတစ်ယောက် ပစ္စည်းတခုမဟုတ်ဘူး သက်မဲ့လဲမဟုတ်ဘူး
ဒါ့အပြင် သူ့ဘဝကအမြဲပြည့်စုံခဲ့ပေမဲ့ ဟိုကောင်ရဲ့ဘဝကတော့ အရမ်းသနားစရာကောင်းတယ်
ဘယ်ကထွက်လာတဲ့စာနာစိတ်ဆိုတာသူမသိပေမဲ့ အချင်းချင်းစုံမက်နေကြတဲ့လူတွေကြားသူဝင်မပါတော့ပါဘူးလေ
မြတ်ကလေးကိုသူချစ်တယ် အမြဲချစ်နေမှာ စောင့်ရှောက်ပေးနေဦးမှာ သူ့အပိုင်မဟုတ်ရင်တောင် သူချစ်နေဦးမှာပါ
မင်းဧကရာဇ်မျက်ရည်သုတ်လိုက်ပြီးတော့ သူ့ပခုံးပေါ်လက်တဖက်လာတင်တာကိုခံစားလိုက်ရလို့လှည့်ကြည့်မိတော့ မြတ်ဘုန်းသျှန်
"ကိုကြီး ကိုကြီးညီမကစွံသွားပြီဗျ"
"ကိုကြီးကငါ့ညီကိုကျေးဇူးတင်ပါတယ်"
YOU ARE READING
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...