အပိုင်း(1)

433 27 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(1)

"ထွက်သွား ! "

"ဘယ်တော့မှပြန်မလာခဲ့နဲ့ "

"ငါ့မျက်စိရှေ့ကနေရော ငါ့တို့မိသားစုဆီကပါ ထွက်သွား !"

" ငါတို့အိမ်အရိပ်တောင်မနင်းနဲ့ ! "

သူမရဲ့မိဘအရင်းအချာတွေဆီက ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားဖြစ်ပေမဲ့လဲ တကယ်တမ်း နားနဲ့ဆတ်ဆတ်ကြားရတော့ ရင်ဘတ်ထဲက လှိုက်တက်လာတုန်း နာကျင်ရတုန်း ဝမ်းနည်းရတုန်းပဲ

ဒီခနမှာ သူမဟာ ဒီလောကကြီးထဲက လွတ်မြောက်ချင်တဲ့စိတ်တခုပဲကျန်တော့တယ်

ဘာလို့လဲ သူမက ဒီမိသားစုအတွက်ပဲရုန်းကန်ပေးခဲ့ စွန့်စားပေးခဲ့ ရှာဖွေပေးခဲ့ လမ်းညွန်ပေးခဲ့တာလေ

ဒါပေမဲ့ သူမက ဒီစည်းစိမ်တွေကိုလက်ဝါးကြီးအုပ်တယ်တဲ့လား မက်မောတယ်တဲ့လား ဟာသပဲ သူမကိုယ်တိုင်ရှာထားတဲ့ဟာတွေပဲလေ သူမတောင်မမက်မောလို့ သူတို့ဘာလုပ်လုပ် ဘာဝယ်ဝယ် သူမအကုန်လျစ်လျူရှု့ထားခဲ့တာ

မသမာတဲ့လူတစုကြောင့် သူမရှုံးနိမ့်သွားခဲ့တဲ့အခါမှာတော့ အရာအားလုံး အပြစ်အားလုံးက သူမအပေါ်ပဲ ပုံချခံခဲ့ရတယ်

ပင်ပန်းတဲ့စိတ်အစုံနဲ့ကိုယ်ကိုသယ်ပြီးအိမ်ပြန်လာတဲ့အချိန် စောင့်ကြိုနေတာက ရက်စက်ခြင်းတွေပဲ

အဲ့ခနမှာ ‌ကောင်းကင်ကြီးကသူမအပေါ်မတရားဘူးလို့ခံစားရတယ် သူမရဲ့ဘဝကိုဒီလိုဆိုးဝါးစွာဖြတ်သန်းစေသတဲ့လား အရမ်းကို ဒေါသထွက်တာပဲ

ကြီးမားတဲ့ဗီလာကြီးကနေထွက်လာတော့ မလိခ အိမ်ရာထဲက သစ်ပင်တွေရဲ့အရိပ်တွေတောင်မှ သူမကို လှောင်ပြောင်နေသလိုပဲ

လူစည်ကားတဲ့နေရာမှာ ငူငိုင်ငိုင်နဲ့လျှောက်သွားနေရင်း လမ်းဖြတ်ကူးလို့သတိမထားတဲ့အခါ သူမကိုစောင့်ကြိုနေတာက သေခြင်းတရားသာ

နောက်ဆုံးအချိန်မှာ သူမတွေးမိတာက  ငါ နောင်ဘဝကြရင် ငါးဆားနယ်လေးပဲလုပ်တော့မယ် အိမ်တွင်းပုန်းလေးပဲလုပ်တော့မယ် ဘယ်သူ့အတွက်မှ ထပ်မတိုက်ခိုက်တော့ဘူး ဘယ်သူကမှ ငါ့ရဲ့ကာကွယ်ခြင်းနဲ့မတန်ဘူးလို့ပဲ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now