ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(3)
ဆံနွယ်ဖြူ အပြာရောင်မျက်ဆံ အရမ်းကိုလိုက်ဖက်လွန်းတာပဲ
သူ့ကိုကြည့်လိုက်တဲ့အခါ အပြာရောင် ကောင်းကင်နဲ့ အဖြူရောင်တိမ်လွာတေွကို ကြည့်ရသလိုပဲ လှပပြီး ဆန်းကြယ်တဲ့ခံစားမူ့ကိုပေးတယ်
မြင့်မြတ်တဲ့ဖြစ်တည်မူ့လို လူတွေနဲ့ အလှမ်း ဝေးကွာလွန်းသလို မျက်တောင်ရှည်တွေကကော့ညွတ်နေပြီး ပန်းသွေးရောင်ထနေတဲ့နှုတ်ခမ်းတို့ကနှစ်ခွ ..
Sky .... တဲ့လား လူနဲ့နာမည်တကယ်လိုက်တာပဲ
နာမည်လေးကအစ သူမရင်ကို ငြိမ့်ငြိမ့်လေးစီးဆင်းသွားစေတယ်
"Sky ! ဒီမှာ ထုံးစံအတိုင်း မင်းအတွက်ရည်းစားစာတွေ "
သူငယ်ချင်းဖြစ်ဟန်တူသူက စာအိတ်အထပ်လိုက်ကြီးကို ထိုးပေးလာပေမဲ့ လက်ခံရမဲ့သူကတော့ တချက်လေးတောင်ဂရုမစိုက် ကျစ်ခနဲစုပ်သပ်ကာ တခွန်းထဲပြောလာလေတယ်
"ဒိတ်အောက်လိုက်တာ "
မျက်နှာလွှဲလိုက်တဲ့အခါ ဖြစ်သွားတဲ့ဂျစ်ကန်ကန်မျက်နှာပေးက မြတ်ပန်းဝေရဲ့ အတွေးဖန်ပုလင်းလေးကိုခွမ်းခနဲကျကွဲသွားစေတယ်
စောနက သူမတွေးနေခဲ့တဲ့လိုက်ဖက်မူ့က အခုတော့ တခြားစီ တကွဲတပြားဖြစ်သွားပြီး ဘယ်နားမှာမှရှာမရလေတော့ဘူး
ဒီအတိုင်းကြည့်နေရင်တော့ကြွေရုပ်လေးလိုတန်ဖိုးကြီးမားပြီး အမူအယာတခုခုလုပ်လိုက်တဲ့အခါမှာတော့ မြေရုပ်လိုဈေးမရှိတော့ဘူး
နတ်ဘုရားက သူ့အရေခွံကိုလွှင့်ပစ်လိုက်ပြီး နတ်ဆိုးဖြစ်လာသလိုမျိုး အဖြူနဲ့အနက် အနီနဲ့အစိမ်းလို ဆန့်ကျင်ဘက်ဖြစ်သွားလေတော့တယ်
အဲ့ခနမှာ အဲ့နတ်ဆိုးလေးက ပါးစောင်ကိုလျှာနဲ့ထိုးပြီး သူမရှိရာကိုမော့ကြည့်လာလေရဲ့ မြတ်ပန်းဝေခမျာမှာ ဦးရေပြားတွေထုံကျင်သွားကာ ဆံပင်တွေပါထောင်တက်သွားတာကိုခံစားလိုက်ရပြီး ခပ်မြန်မြန်မျက်နှာလွှဲလိုက်ကာ ခပ်သုတ်သုတ်ပြေးသွားခဲ့လေတော့တယ်
YOU ARE READING
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...