ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(6)
အခု ဒီတစ်ယောက်အသံနားထောင်ရင်း သူ့ရဲ့နှလုံးသားထဲကို ရေတံခွန်လိုမျိုး တစုံတခုက တိတ်တိတ်လေးစီးဆင်းလာကာ သူ့နှလုံးသားကိုဖာထေးပေးနေတော့တယ်
အတန်ကြာတော့ သူလဲငြိမ်သက်သွားတယ် မမြင်ရပေမဲ့လဲ သူ မကြောက်တော့ဘူး သူမကတကယ်ကြီးသူ့ကိုစိတ်ငြိမ်အောင်လုပ်ပေးနိုင်တာပဲ အပြင်ရောက်ရင်တော့ သေချာဆုချပေးရမယ်
Sky တွေးနေတုန်းမှာပဲ သူအခြေအနေကောင်းသွားတာကိုသိသွားတဲ့ အဲ့မိန်းကလေးက ရုတ်တရက်ထပြေးသွားပြီး တံခါးကိုေတာ့ဖွင့်ပေးခဲ့လေတယ်
Sky "........."
ဟင် ? အဲ့တစ်ယောက်က အခု ထွက်ပြေးသွားတာလား?
သူ့ကိုထားခဲ့ပြီးတော့လား?
ဘာမှမလိုချင်ဘူးလား?
ဘာကြောင့်ထွက်ပြေးသွားတာလဲ?
သူ့ကို မသိတာလား
မဖြစ်နိုင်ဘူး သူကအရမ်းလူသိများတဲ့ကျောင်းမြက်လေးပဲကို
မေးခွန်းအမှတ်အသားအများကြီးခေါင်းပေါ်တန်းစီရောက်လာတဲ့ sky တစ်ယောက် သတိရလို ဝုန်းခနဲထကာ ဝရံတာတစ်လျှောက်ကြည့်မိလိုက်တော့ ဘယ်သူမှမသိ သူ့ကိုနှုတ်ဆက်နေတာက ဆောင်းရာသီရဲ့လေအေးအေးများသာ
သူ့နားရွက်ပေါ်မှာကျန်ခဲ့တဲ့သူမရဲ့လက်ကအနွေးဓာတ်ကြောင့်သာမဟုတ်ရင် သူ ဒီအဖြစ်အပျက်ကို အိမ်မက်လို့ထင်မိတော့မလို့
ဒါပေမဲ့ ဝရံတာလျှောက်လမ်းမှာတော့ ဘယ်သူမှမရှိတော့ဘူး
"ကျစ် "
ပါးစောင်ကိုလျှာနဲ့ထိုးကာ ကျစ်ခနဲစုပ်သပ်လိုက်တဲ့sky က မကျေမနပ်နဲ့ တံခါးကိုတချက်ကန်လိုက်သေးတယ်
ဟမ့် သူက သူမနားကချိုချဉ်နံ့ကိုရလိုက်ပြီးသား အသံကလဲကြားဖူးပြီးသား အဲ့တာကိုပြေးချင်သေးတယ်ပေါ့ အိမ်မက်ပဲမက်နေလိုက် နောက်တခါတွေ့လို့ငြင်းရင် ဆွဲဖြဲပစ်လိုက်မယ် လူကိုများလာကစားချင်လိုက်သေးတယ်
YOU ARE READING
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...