အပိုင်း(29)
"Sky "
"ဘာလဲ "
"........."
"........"
"နင်ငါ့ကိုစိတ်ဆိုးနေတာလား"
"မဟုတ်ဘူး"
"ဒါဆို စိမ်းသွားတာ မခင်ချင်တော့တာပေါ့"
"ဟုတ်တယ် "
"........"
မြတ်ပန်းဝေမှာ ပြောသာပြောလိုက်ပေမဲ့ဒီအဖြေပြန်ရလာမယ်လို့မတွေးထားမိတော့ အနဲငယ်ဆွံ့အသွားလေတယ်
အစကတော့ သူမ သိပ်မတွေးမိဘူး အခုမှ skyတစ်ယောက် သူမပြန်လာထဲက သိပ်စကားမပြော အဖက်သိပ်မလုပ်ဘူးဆိုတာသိလိုက်ရတယ်
အဲ့တာကြောင့်ပဲ သူမ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စကားမရှိစကားရှာပြီးလာပြောတာ ဒါပေမဲ့လဲ သူမ ရှုံးနိမ့်သွားသလိုနဲ့ အပြစ်လုပ်မိလိုက်သူလိုခံစားလိုက်ရတယ်
"ငါ့ကိုမလိုချင်တော့ဘူးလားဟင်"
"နင်အရင်ငါ့ကိုမလိုချင်တာလေ "
"ဟမ်"
"ငါတို့ကချစ်တယ်ဆိုတာနဲ့ နင်က အမြီးတောင်မကျန်အောင်ထွက်ပြေးသွားပြီးပျောက်သွားတယ် ပြီးတော့ ဘာမဖြစ်ခဲ့သလိုပဲပြန်ပေါ်လာတယ် ဘာမှမဖြစ်ခဲ့လလို ဘာမှမပြောခဲ့ဖူးသလိုပဲနင် လုပ်နေတယ် ဟိုကောင်ကေ-ာက်မှတ်မရှိပေမဲ့ ငါကရှိတယ် နင်ပျောက်သွားပြီး ငါတို့ကိုထားရစ်ခဲ့တာကို ဒီအတိုင်း ဘာမှမဖြစ်သလိုနဲ့ငါကျော်မသွားပေးနိုင်ဘူး"
"........"
မြတ်ပန်းဝေ ရုတ်တရက် ထိုသူကိုကြည့်လိုက်တယ် နားမလည်ခြင်းများစွာနဲ့ သက်ပြင်းချလိုက်တယ်
"နင် ငါ့ကိုမုန်းသွားပြီပေါ့နော်"
"ဟုတ်တယ် နင့်ကိုမုန်းတယ် ငါ့ကိုထားပြီးသွားခဲ့လို့ မုန်းချင်တယ် ဒါပေမဲ့..."
နင့်ကိုတကယ်ကြီးမုန်းဖို့ဆိုတာ နင်ထင်သလောက်မလွယ်ဘူးဟ
Skyက တောင်ချွန်းလေးမှာထိုင်ရင်း အောက်မှာပျော်နေပါးနေ သီချင်းဖွင့်ကာ ကခုန်နေသူများကိုကြည့်လိုက်တယ်
أنت تقرأ
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
الخيال (فانتازيا)ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...