8.zgi

60 0 0
                                    


အပိုင်း(8)

အဲ့နောက်တော့ လူသေးသေးလေးဆွဲတဲ့နောက်ကို အသာတကြည်လိုက်ပါသွားလေရဲ့

သူမတို့အခန်းထဲပြန်ရောက်လာတော့ ဟော့ပေါ့အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူတို့တွေရဲ့မိဘဖြစ်သူတွေကလဲ ရောက်နေကြပြီပဲဖြစ်လေတယ်

မြတ်ဘုန်းသျှန်ကသူတို့ကိုဂရုစိုက်ပေးပြီး ကင်ပေးပြုတ်ပေးလေတယ်

သူခေါင်းငုံ့ပြီးအချဉ်ရည်စပ်နေတဲ့အချိန် မြတ်ပန်းဝေက ဂဏန်းကိုကျကျနနစားနေတာကိုမြင်လိုက်ရလေတယ်

သူ့မှာမတရားထိတ်လန့်သွားပြီး တားဖို့လက်ဆန့်ထုတ်လာလိုက်ပေမဲ့ သူမက ပါးစပ်အပြည့်စားနေပြန်တာကိုပဲတွေ့လိုက်ရ‌လေတယ်

"မြတ်မြတ် ! အဲ့ဒါက ! "

သူ့မှာ အလောတကြီးဖြစ်သွားပေမဲ့ သူမက လုံးဝကိုအပြစ်ကင်းပြီးမသိနိုးနားမျက်ဝန်းနဲ့ပလုတ်ပလောင်းဝါးနေရင်းကမော့ကြည့်လာလေတယ်

သူမရဲ့ပုံမှန်ဖြစ်နေတဲ့ပုံက လုံးဝအကောင်းအတိုင်းမို့ မြတ်ဘုန်းသျှန်တစ်ယောက်မျက်စိလည်သွားလေတယ် ကြည့်ရတာ သူ့ညီမရဲ့အလတ်ဂျစ်ကပြန်ကောင်းသွားတာများလား

"ဟင် ဘာဖြစ်လို့လဲ"

"...ဘာ...မှ..မဖြစ်တော့ပါဘူး"

မိဘနှစ်ပါးကလဲ သမီးဖြစ်သူကိုအစားအသောက်တွေထည့်ပေးနေပေမဲ့ အဲ့ဂဏန်းစားတာကိုလုံးဝမကန့်ကွက်တာကြောင့် မြတ်ဘုန်းသျှန်တစ်ယောက် ကြောင်အနေတော့တယ် သူမက အလတ်ဂျစ်မရှိဘူးလား သူပဲအမှတ်မှားနေတာလား

မဖြစ်နိုင်တာ

ငယ်ငယ်က မြတ်မြတ် အစားမှားလို့ တကိုယ်လုံးနီရဲပြီးအသက်ရှုတွေတောင်ကြပ်လာတာ သေမလိုဖြစ်လို့ ‌အား‌လုံးကဆေးရုံမှာလေးငါးရက်လောက်သွားနေရတာကို‌တောင်သူမှတ်မိလိုက်‌နေသေးတာကို

"မေမေ "

"ဟင် "

"ငယ်ငယ်တုန်းက မြတ်မြတ်နေမကောင်းဖြစ်တာလေ အဲ့တာဆေးရုံတောင်ရောက်သွားသေးတာ မေမေ အဲ့တာကိုမှတ်မိလား"

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiTempat cerita menjadi hidup. Temukan sekarang