အပိုင်း(14)

155 14 2
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(14)

"ကိုကို ဖြေးဖြေးးး ! အာ့ ! "

"ဒေါက် ဒေါက် "

"အားးးးးး "

"အယ် ကိုကြီး အိမ်မက်ဆိုးမက်နေတာလား "

"........"

မြတ်ဘုန်းသျှန်ဖြစ်သွားသမျှကို အစာမခြေနိုင်သေး

ရုတ်တရက် သန့်စင်ကြည်လင်တဲ့မျက်ဝန်းတစုံက သူ့ကိုစိုက်ကြည့်လာကာ သူလဲပဲ အဲ့မျက်ဝန်းတွေကို ကြောင်တောင်တောင်ပြန်စိုက်ကြည့်နေမိတယ်

သူ့ရှေ့ကမိန်းကလေးက သူ့မျက်လုံးရှေ့ လက်တို့အတန်ကြာဝှေ့ရမ်းပြီး အသိဝင်လာတာက မြတ်ဘုန်းသျှန်

"မြတ်ကလေး ကိုကြီး ရေချိုးပြီးမှအောက်ထပ်ဆင်းလာခဲ့မယ်နော် "

-"ပြီးရော မေမေတို့ကထမင်းစားဖို့စောင့်နေတယ် "

"အွန်း ဆယ့်ငါးမိနစ်ပဲနော် ကိုကြီးဆင်းလာခဲ့မယ် "

"ဟုတ် "

ရုတ်ခနဲထွက်သွားပြီဖြစ်တဲ့ငှက်မလေးရဲ့ကျောပြင်ကိုကြည့်ရင်း မြတ်ဘုန်သျှန် ‌မျက်ခံုးရိုးကိုဖိမိသွားတယ်

Wet dream ကိုမှ မြတ်ကလေးနဲ့တဲ့လား

သူဘယ်လောက်တောင်မြတ်က‌ေလးအ‌ေပါ်မရိုးမသားဖြစ်နေပြီလဲဆိုတာ ဒီနေ့မှ လုံးဝသိသွားရတော့တယ်

မြတ်ဘုန်းသျှန် ကူကယ်ရာမဲ့ရတယ်

မြတ်ကလေးက သူ့ကိုလုံးဝ အကိုအရင်းတစ်ယောက်လိုသတ်မှတ်ထားတာ

သူမကိုလိုက်ဖို့ဆို သူ့မှာ friends zone တောင်မဟုတ် family zone ထဲတောင်ရောက်နေ‌လိုက်သေးတယ်

ကောင်းပါရော

မြတ်ဘုန်းသျှန်ကအတွေးပေါင်းတစ်သောင်းနဲ့ပဲ ရေချိုးခန်းဝင် အောက်ထပ်ဆင်းလာတော့ မြတ်ကလေးက ခေါင်းမဖော်ပဲစားနေလေပြီ

သူမလေးရဲ့ပါးစပ်ထောင့်မှာလဲ ထမင်းစေ့တစ်စေ့ကကပ်လို့

"ကလေးလားကွာ"

မြတ်ဘုနး်သျှန် အသဲယားစွာငြီးငြူရင်း ဖယ်ပေးလိုက်ရလေတယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now