ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(8)
အဲ့နောက်တော့ လူသေးသေးလေးဆွဲတဲ့နောက်ကို အသာတကြည်လိုက်ပါသွားလေရဲ့
သူမတို့အခန်းထဲပြန်ရောက်လာတော့ ဟော့ပေါ့အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူတို့တွေရဲ့မိဘဖြစ်သူတွေကလဲ ရောက်နေကြပြီပဲဖြစ်လေတယ်
မြတ်ဘုန်းသျှန်ကသူတို့ကိုဂရုစိုက်ပေးပြီး ကင်ပေးပြုတ်ပေးလေတယ်
သူခေါင်းငုံ့ပြီးအချဉ်ရည်စပ်နေတဲ့အချိန် မြတ်ပန်းဝေက ဂဏန်းကိုကျကျနနစားနေတာကိုမြင်လိုက်ရလေတယ်
သူ့မှာမတရားထိတ်လန့်သွားပြီး တားဖို့လက်ဆန့်ထုတ်လာလိုက်ပေမဲ့ သူမက ပါးစပ်အပြည့်စားနေပြန်တာကိုပဲတွေ့လိုက်ရလေတယ်
"မြတ်မြတ် ! အဲ့ဒါက ! "
သူ့မှာ အလောတကြီးဖြစ်သွားပေမဲ့ သူမက လုံးဝကိုအပြစ်ကင်းပြီးမသိနိုးနားမျက်ဝန်းနဲ့ပလုတ်ပလောင်းဝါးနေရင်းကမော့ကြည့်လာလေတယ်
သူမရဲ့ပုံမှန်ဖြစ်နေတဲ့ပုံက လုံးဝအကောင်းအတိုင်းမို့ မြတ်ဘုန်းသျှန်တစ်ယောက်မျက်စိလည်သွားလေတယ် ကြည့်ရတာ သူ့ညီမရဲ့အလတ်ဂျစ်ကပြန်ကောင်းသွားတာများလား
"ဟင် ဘာဖြစ်လို့လဲ"
"...ဘာ...မှ..မဖြစ်တော့ပါဘူး"
မိဘနှစ်ပါးကလဲ သမီးဖြစ်သူကိုအစားအသောက်တွေထည့်ပေးနေပေမဲ့ အဲ့ဂဏန်းစားတာကိုလုံးဝမကန့်ကွက်တာကြောင့် မြတ်ဘုနး်သျှန်တစ်ယောက် ကြောင်အနေတော့တယ် သူမက အလတ်ဂျစ်မရှိဘူးလား သူပဲအမှတ်မှားနေတာလား
မဖြစ်နိုင်တာ
ငယ်ငယ်က မြတ်မြတ် အစားမှားလို့ တကိုယ်လုံးနီရဲပြီးအသက်ရှုတွေတောင်ကြပ်လာတာ သေမလိုဖြစ်လို့ အားလုံးကဆေးရုံမှာလေးငါးရက်လောက်သွားနေရတာကိုေတာင်သူမှတ်မိလိုက်ေနသေးတာကို
"မေမေ "
"ဟင် "
"ငယ်ငယ်တုန်းက မြတ်မြတ်နေမကောင်းဖြစ်တာလေ အဲ့တာဆေးရုံတောင်ရောက်သွားသေးတာ မေမေ အဲ့တာကိုမှတ်မိလား"
BINABASA MO ANG
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantasyကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...