10.zgi

52 1 0
                                    


အပိုင်း(၁၀)

ဒါပေမဲ့ ဒီတစ်ယောက်ကိုတော့ အရမ်းကိုက်ပစ်ချင်တာ အံတွေတောင်ယားတယ်

သူမပုံလေးက နူးနူးညံ့ညံ့လေးနဲ့ကိုက်ချင်စရာလေး သူ့ရင်ဘတ်ကိုတိုက်မိလိုက်တုန်းကလဲ သူအရမ်းကြိုက်တဲ့ချိုချဉ်အနံ့လေးရလိုက်သေးတယ်

နာသွားလို့မျက်ရည်ဥလေးတွေကျတော့မလိုလိုနဲ့ မျက်ဝန်းထောင့်လေးတွေရဲနေပုံလေးကလဲ တကယ့်ကိုမှ အသဲယားစရာလေး

မကျေမနပ်နဲ့သူ့ကိုမော့ကြည့်တုန်းကလဲ အဲ့မျက်လုံးဝိုင်းလေးတွေကိုနမ်းပစ်လိုက်ချင်တာ

မရဘူး မရဘူး သူမလေးကို သူ့အပိုင်အဖြစ်သိမ်းပြီး တနေ့ဆယ်ခါလောက်ကိုက်ပစ်ရမယ်

မင်းဧကရာဇ် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ သူမကိုလိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်

သူအိပ်ကပ်ထဲလက်ထည့်ပြီး ထောင့်ခန်းကိုဖြတ်လာတော့ သူမက နဖူးလေးပွတ်ပြီး ပွစိပွစိပြောနေတာကိုကြားလိုက်ရလေတယ် သူမလေးရဲ့ပွစိပွစိပြောပုံကလဲ အရမ်းကိုမှချစ်ဖို့ကောင်းနေလေတယ်

နေရောင်ထိုးနေတဲ့သူမရဲ့နားရွက်လေးတွေက အရသာရှိမဲ့ပုံလေး နေရောင်ခြည်မှာရွှေအိုရောင်အမွှေးနုလေးတွေထောင်နေပုံက သူ့ကိုစိန်ခေါ်နေသလိုပဲ

သူ့မှာမနဲအာရုံလွှဲရတယ်

"ကိုယ့်အကြောင်းရွတ်နေတာလား ဟမ်"

"........"

သူမက သူ့အသံကြားတော့ ပခုံးတုန်အောင်လန့်သွားရှာတယ်

သူ့ကိုကြည့်လာတဲ့သူမက မတရားခံနေရသလိုပုံလေးနဲ့သူ့ကိုလှည့်ကြည့်လာတော့ မင်းဧကရာဇ်လုံးဝ သီးမခံနိုင်တော့ဘူး

"အားးးးး သူများနားရွက်ကိုဘာလို့ကိုက်တာလဲ ခွေးလားရှင်က"

"အွန်း မင်းသာအလိုရှိရင် ကိုယ် ခွေးဖြစ်ဆိုလဲဖြစ်ပေးနိုင်ပါတယ် အဲ့တော့ မိန်းကလေး ကိုယ်နဲ့တွဲမလား"

"........"

ဝက်သားဖက်!

ဘာ....ဘာ...

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now