36.zgi

22 1 0
                                    


အပိုင်း(36)

မြတ်ပန်းဝေ တလမ်းလုံး ဘုရားတရားတပြီးလိုက်သွားရတာ

နယ်ဘက်ရောက်လာလေ လမ်းကပိုရှင်းလာလေပဲ

အဲ့ဒါကြောင့် ကားသမားလဲ အရှိန်မြင့်ကာ မောင်းတော့တယ်

အဲ့ဒါကပဲ သူမအတွက် မဆုံးတဲ့နောင်တ တရားကိုယူလာပေးခဲ့လေတယ်

ရုတ်တရက်ဘယ်ကထွက်လာမှန်းမသိတဲ့ကုန်ကားကြီးက သူမတို့မြင်ကွင်းထဲရုတ်တရက်ရောက်လာခဲ့လေတယ်

ကားသမားရဲ့အထိတ်တလန့်အော်သံကြားမှာ သူမ မူးဝေသွားခဲ့ပေမဲ့ ရိပ်ခနဲ သူမတို့ကားနဲ့ကုန်ကားရဲ့ကြားထဲရောက်လာခဲ့တဲ့ကားသေးသေးလေးကို သူမကြောင်ကြည့်နေမိတယ်

စည်းချက်လွဲသွားမူ့ကြောင့် သူမတို့ကားလေးက ဘေးမသိရန်မခပဲ သစ်ပင်နဲ့သာ ဝင်ဆောင့်မိကာ လူတွေလဲ နဖူးပေါက်တာကလွဲလို့သိပ်မဖြစ်ခဲ့ဘူး

ဒါပေမဲ့ သူတို့ကြားထဲဝင်လာခဲ့တဲ့ကားလေးကတော့ ရှေ့ဘက်မောင်းသူနေရာတပိုင်လုံးကဝင်ကျုံးခံထားရသလို ကြေမွနေခဲ့တယ်

မြတ်ပန်းဝေ အရမ်းလန့်သွားခဲ့ရတယ်

ဘယ်သူလဲမသိပေမဲ့ အဲ့ကားက သူမတို့ကိုကယ်လိုက်တာအမှန်ပဲ

ကုန်တင်ကားလဲမှောက်သွားပြီး ကားထဲက ဒရိုင်ဘာက ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ခြေထောက်ကိုအသုံးပြုကာ ထွက်ပြေးသွားခဲ့တယ်

မြတ်ပန်းဝေ အဲ့ကားသေးသေးလေးနားကို သူမစီးလာတဲ့ကားဒရိုင်ဘာကိုခေါ်ပြီးအမြန်သွားလိုက်တယ်

အထဲကလူကို စစ်ဆေးပေးဖို့ပေါ့

ဆေးရုံတင်ကားခေါ်ပြီးနောက် သူမ ကားနားကိုအမြန်‌ချဉ်းကပ်သွားခဲ့တယ် ဒါပေမဲ့ အထဲကသူက sky ဖြစ်နေတယ်ဆိုတာမြင်လိုက်ရချိန် သွေးပင်လယ်ထဲမှာငြိမ်သက်နေတဲ့သူ့ကိုတွေ့လိုက်ရချိန်မှာ မြတ်ပန်းဝေ ဘယ်လိုမှ မတည်ငြိမ်နိုင်တော့ဘူး

"Sky ! Sky! ဦးလေး လူ လူကိုထုတ်ပေးပါ "

"ငါလဲမလုပ်ရဲဘူးဟ နင်မမြင်ဘူးလားသူ့ပုံကအခြေအနေမကောင်းဘူး ငါသာသွားလုပ်လိုက်လို့သေသွားရင်ဘယ်လိုလုပ်မလဲ ကျွမ်းကျင်သူတွေကပဲကိုင်တွယ်လို့ရမှာ ဆေးရုံကားလာအောင်စောင့်လိုက်ဦး "

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now