41 - Horror Variety (6)

Începe de la început
                                    

ချန်ကျစ်ချူးသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် မျက်လုံးဖွင့်ရန် ကြိုးစားလိုက်သည်။ ဆေးအရှိန်ကြောင့် အနည်းငယ် ခက်ခဲနေသော်လည်း မျက်လုံးဖွင့်နိုင်ခဲ့သည်။ အတန်ငယ် မူးဝေနေသေးပြီး ထထိုင်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်၌ သွေးစာလုံးတချို့ ပေါ်လာတာကို မြင်လိုက်ရသည်။

[ ဂိမ်းစတော့မယ်။ ဒီနေရာမှာ ‘ငါ’က ကျိုးလော့ချန်ပဲ.. မင်း ရှောင်ပုန်းရမယ့်လူပေါ့။ ဂိမ်းကိုနိုင်ချင်ရင် ငါမမြင်အောင် ပုန်းနေရမယ်နော်။ ငါ မင်းကိုမြင်တာနဲ့ မင်း ရှုံးပြီ.. ]

[ မင်းပုန်းရမယ့်နေရာက ဒီဗီလာကြီးထဲမှာပဲ.. ]

[ ပြတင်းပေါက်ဖွင့်ဖို့ ကြိုးစားနေစရာမလိုဘူး။ ဒီဗီလာရဲ့ ပြတင်းပေါက်တိုင်းကို အခိုင်အခံ့ ပိတ်ထားတာမို့ အိမ်ထဲကနေ ဖွင့်လို့မရဘူး။ အဲတာကြောင့် ပြတင်းပေါက်ကနေ လွတ်မြောက်မှာမဟုတ်ဘူး.. ]

“မင်းက ဘယ်သူလဲ..? သေသွားတဲ့ ကျိုးလော့ချန်လား..?”

ချန်ကျစ်ချူး၏ လေသံထဲတွင် ဒေါသရိပ်တချို့ ရောယှက်နေ၏။ သူက ခုတင်ပေါ်မှ ယိုင်နဲ့စွာ ဆင်းလာရင်း တံခါးနားကို လျှောက်သွားသည်။ တံခါးလော့ခ်ကို လှည့်ကြည့်သော်လည်း သော့ခတ်ထားသဖြင့် အဓိကထွက်ပေါက်မှ လွတ်မြောက်နိုင်မည့်ပုံ မပေါ်ချေ။

သွေးစာလုံးများ မှိန်ဖျော့သွားပြီး တစ်ခဏမျှ အသံတိတ်ကျသွားသည်။ ထို့နောက် သရဲက သူ၏မေးခွန်းကို ပြန်မဖြေဘဲ စာထပ်ရေးသည်။ : [ အခု ဂိမ်းစတင်ပြီ။ ]

ချီးပဲ..! ဒီသရဲက ကျိုးလော့ချန် ဖြစ်ဖို့များတယ်။ သူ့ကို ထပ်ပြီးမြင်ခွင့်ရလို့ ပျော်တယ်လို့ပြောပြီး ဒီလိုယုတ်မာတဲ့နည်းလမ်းနဲ့ ဂိမ်းဆော့ချင်နေတယ်။ အဲ့မကောင်းဆိုးဝါးပဲ အခုလိုလုပ်ရပ်မျိုးကို လုပ်မှာ..!

ချန်ကျစ်ချူးက အသံတိတ် ဆဲရေးလိုက်သည်။ တံခါးဖွင့်မရတာကြောင့် တခြားထွက်ပေါက်ရှာရန် အခန်းကို ဝေ့ကြည့်လိုက်သည်။

ဤနေရာတွင် ပြတင်းပေါက်မရှိပေ။ အပေါ်ဘက်မှ တံခါးခေါက်သံထွက်လာသဖြင့် ဤနေရာက မြေအောက်ခန်း ဖြစ်နိုင်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Unde poveștirile trăiesc. Descoperă acum