41 - Horror Variety (6)

Magsimula sa umpisa
                                    

သို့သော် သူ၏အကြည့်က တဖြည်းဖြည်း ပြောင်းလဲလာပြီး ရေခဲတမျှ အေးစက်လာသည်။ သွေးစွန်းကွက်များကို သုတ်ပေးရင်း အားပါလာသဖြင့် ကောင်လေး၏ အသားနုနုလေးပေါ်တွင် ပွန်းပဲ့ရာများ ပေါ်လာရသည်အထိ…

နာကျင်လွန်း၍ ကောင်လေးက ထပ်မံရုန်းကန်သော်လည်း လူကြီးတစ်ဦး၏ လက်မောင်းကြားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုအခိုက် အပေါ်ထပ်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ကျိုးလော့ချန်က ခေါင်းမော့လိုက်သည်။ တံခါးခေါက်သံက အဆက်မပြတ် ထွက်ပေါ်နေပြီး အတော်လေး အလျင်လိုနေဟန်ပေါ်၏။

စက္ကန့်အနည်းငယ်မျှ အသံတိတ်သွားပြီးနောက် သူက တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အပ်တစ်ချောင်းထုတ်ပြီး ကောင်လေး၏လက်မောင်းထဲ ထိုးထည့်လိုက်သည်နှင့် ကောင်လေးက ချက်ချင်း အိပ်မောကျသွားသည်။ ထို့နောက် ကျိုးလော့ချန်က မတ်တပ်ရပ်ကာ အခန်းအပြင်ထွက်သွားပြီး အခန်းတံခါးကို အပြင်ဘက်မှ မမေ့မလျော့ သော့ခတ်သွားသည်။

ချန်ကျစ်ချူးသည် သူ၏ငယ်ဘဝခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသဖြင့် စိတ်ငြိမ်ဆေးထိုးသွားတာကို သည်အတိုင်း ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရသည်။ သူဘာမှမတတ်နိုင်ခင် အမြင်အာရုံက ထပ်မံအမှောင်ကျသွားသဖြင့် နှာခေါင်းထဲတွင် အပုပ်နံ့သာ ဝေ့ဝိုက်နေတော့သည်။

ကျိုးလော့ချန်.. ဒီသောက်မျိုးမစစ်အရူးကောင်ကတော့..! ကလေးတွေကို သတ်ပြီး အလောင်းကို ရက်ရက်စက်စက် လုပ်ရက်တယ်။ လူတောင် မဟုတ်တော့ဘူးပဲ..?!

ဤဖြစ်ရပ်သည် Instance က ဖန်တီးထားသည့် ဇာတ်ကြောင်းသပ်သပ်လား၊ သို့တည်းမဟုတ် ကျိုးလော့ချန်က ကလေးများကို အမှန်တကယ် သတ်ပစ်ခဲ့ခြင်းလား၊ ချန်ကျစ်ချူးပင် မသိတော့ချေ။ အကယ်၍ ဖြစ်ရပ်မှန်ဆိုလျှင် ထိုလူ၏ ထူးထူးဆန်းဆန်း သတ်သေမှုက အပြစ်အတွက် ပြန်ပေးဆပ်ခြင်းသာ ဖြစ်ပေမည်။ လူယုတ်မာကောင်က ဤနည်းလမ်းဖြင့် အလွယ်တကူ လွတ်လမ်းရှာသွားသည်။

ထိုအခိုက် ရုတ်တရက် သတိလစ်သွား၏။ ထို့နောက်တွင်မူ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး အသိစိတ်အာရုံက ပိုမိုရှင်းလင်းလာသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Tahanan ng mga kuwento. Tumuklas ngayon