( Unicode )
နေ့သစ်ကတော့ ဒီနေ့အလုပ်စဆင်းရတာမို့
တခြားသူတွေလို အပူအပင်၊ကြောက်ရွံ့ခြင်းမရှိ၍ တက်တက်ကြွကြွပင်။မျက်နှာလေးက လန်းဆန်းပြီးကြည်လင်နေကာ လှပတဲ့နေ့သစ်တစ်ခုအစပျိုးဖို့ စောင့်မျှော်နေတဲ့ နေ့သစ်ဆိုတဲ့လူသားလေးပေါ့။ ဇွဲမာန်ကခန့်အပ်ထားသည့် ဝန်ထမ်းအသစ်တွေကို Hall ခန်းထဲခေါ်ဆောင်ကာ ကြိုဆိုပွဲလုပ်ပြီးလျှင် လိုက်နာစရာအချက်များကိုပါ မထည့်မဖြစ် ပြောဆိုပြီးလျှင် သူ့ဌာနကိုယ်စီပြန်ခိုင်းသည်။ အသစ်ခန့်သည့်သူတွေကအနည်းငယ်များပြားတာမို့ နေ့သစ်လည်းအရင်ဦးစားပေးကာ သူကနောက်မှာနေခဲ့တော့ ဇွဲမာန်ကခေါင်းလေးစောင်းပြီးလှမ်းကြည့်လိုက်သည်နှင့်လှစ်ခနဲပင် နေ့သစ်ဘေးနားရောက်ရှိသွား၏။
" ဟိတ် "
"ဟာ! လန့်လိုက်တာ "
" မင်း ... ဒီ နေ့လည်ဘယ်မှာစားမှာလဲ "
" ဒီအနီးတဝိုက်က ဆိုင်တစ်ဆိုင်မှာပဲ ဖြစ်သလို
စားရမှာပေါ့။ အရမ်းအညံ့တွေကြီးလည်းမရှိ
လောက်ပါဘူး။ အဆင်ပြေမှာပါ "
" ဒါဆို ငါနေ့လည်ကျ အပြင်မှာပဲထွက်စားမှာ
မင်းကော လိုက်ခဲ့မလား "
နေ့သစ်က နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးသွား
အောင် ဖြစ်သွားသည်နှင့် ဇွဲမာန်ကိုမျက်စောင်း
ထိုးကာ ဘေးသို့လှည့်ကြည့်မိတော့
" ကျွန်တော် အလုပ်ရှင်နဲ့ရင်းနှီးကျွမ်းဝင်မနေ
တတ်ဘူးဗျ "
ရွဲ့ပြုံးပြုံးကာ စွာသွားသည့်ကောင်လေးက
နှုတ်တောင်မဆက်တော့ဘဲ လှည့်ထွက်သွား၏
နောက်မှာကျန်ခဲ့သည့်သူကတော့ ဒီအစွာလေးကိုအသည်းလည်းယားမိကာ ပြန်တောင်လုပ်ပစ်လိုက်ချင်သေး၊ လူလေးကပဲ လက်တောက်
လောက်ရှိသေးတယ် ... အပိုးကိုမကျိုးဘူး..
ဇွဲမာန်လည်း လက်သီးတစ်ဖက်ကိုတင်းတင်းဆုပ်ကာ နှုတ်ခမ်းနားကပ်ပြီး ပါးစပ်ကိုအုပ်၍
ရယ်မိပါသည်။ တကယ့်မလွယ်ကြောလေး.....
**************************************
" မမ "
" ပြောလေ မှုံ "
" မှုံတစ်နေရာရာသွားချင်တယ် "
" အင်းပြောလေ .. မှုံကဘယ်သွားချင်တာလဲ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
