If Possible ( Part - 4 )

501 21 10
                                        

( Unicode )

[ ဇာတ်လမ်းတစ်ခုအဖြစ်နဲ့သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]

တစ်နေ့တော့ ခရောင်လေးဟာ သူ့အမေအိမ်မှာ
မရှိတဲ့အချိန် သူ့အဖေဖြစ်သူရဲ့ မယားကြီးအိမ်
သို့ သွားရောက်ခဲ့တယ် . သူ့ကိုလိုက်ပို့ပေးတာကလဲ သူ့အဖေရဲ့မန်နေဂျာပါ ။ မန်နေဂျာကလဲ
မရမကတားပေမဲ့ ခရောင်လေးက ငယ်ရွယ်
သေးတာမို့ ကလေးစိတ်နဲ့ဂျီကျနေတာကြောင့်
မန်နေဂျာဟာ ဘယ်လိုမှပြောလို့မရ ၊ နောက်ဆုံးတော့လိုက်ပို့ပေးခဲ့ရတယ် ၊ အိမ်ကို
အရောက်မှာပဲ ချက်ချင်းပင် အိမ်တော်ထဲပြေးဝင်လေတယ် ၊ ဘေးမှာရှိနေတဲ့ အိမ်ပေါ်တွေကို
လဲဂရုမစိုက် ၊ သူ့ဖာသာတည့်တည့်မတ်မတ်
ကြီးကိုဝင်ချသွားတော့တာ ၊ ဝင်ဝင်ချင်း
ရှည်လျားတဲ့လှေကားအမြင့်ကြီးပေါ်ကနေ
အောက်ထပ်သို့ စတိုင်ကျကျနဲ့ဆင်းလာတဲ့
သူ့အဖေဖြစ်သူကို မြင်တော့ဝမ်းသာအားရနဲ့
ပြေးဖက်တော့တယ်

" ဖေဖေ "

ပွေ့ဖက်ထားတာလွှတ်ပေးလိုက်ခြင်းမရှိတာ
ကြောင့် ဦးခံ့ညားဟာ သူ့သားလက်ကိုလွှတ်ချ
လိုက်၏

" သား ဒီကိုဘယ်လိုဖြစ်လို့ ရောက်လာတာလဲ "

" ဖေဖေ့ကိုလွမ်းလို့ ဒီကိုလာတာ ၊ ဖေဖေသားတို့ဆီကိုလာမလည်တော့ဘူးလားဟင် "

မျက်စိပျက် မျက်နှာပျက်တွေဖြစ်နေတဲ့ ဦးခံ့ညား သူဘာလုပ်လို့လုပ်ရမှန်းမသိ သူ့သား
ဖြစ်သူကို ဘယ်လိုပြန်ပြုမူရမလဲ ဘယ်လို
ပြောဆိုရမလဲ သူတွေဝေနေတာ

" ဟမ် ဖေဖေ ပြောအုန်းလေ "

" အာ . အော် သား . ဟုတ်တယ် အဖေပြန်လာလို့မရတော့ဘူး သားရဲ့ ၊ ဒီအိမ်မှာပဲအဖေနေရ
တော့မှာ ဒီမှာပဲအလုပ်တွေဆက်လုပ်ရမှာသားရဲ့ သားနဲ့တော့မကြာမကြာလာတွေ့ပါ့မယ် "

" အမ် ~ ဘာလို့လဲဖေဖေရဲ့ ဘာလို့သားတို့ဆီ
ပြန်မလာတော့တာလဲ "

" အဲ့ဒါကလေ "

စကားပြောလို့တောင်မဆုံးသေးတဲ့အချိန်မှာပဲ
လှေကားပေါ်ကနေ တစ်လှမ်းချင်းဆင်းလာပြီး
ခရောင်သွေးကို မျက်မှောင်ကြုတ်ပြီးကြည့်
နေတဲ့ ၁၇နှစ်ကောင်လေးတစ်ယောက်ရဲ့မျက်နှာထား ၊ ခက်ထန်နေပြီး မျက်နှာကကြည့်
လိုက်တာနဲ့သာယာမှုမရှိ အကြည့်များဟာလဲ
စူးရှလို့နေသည် ~

If possible ~Where stories live. Discover now