If Possible ( Part - 3 )

577 20 6
                                        

[ ဇာတ်လမ်းတစ်ခုအဖြစ်နဲ့သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]

( Unicode )

Long nights , DayDreams , Sugar and Smoke rings l've been a fool . But strawberry and cigarettes , always taste
like you 📞

ဖုန်းမြည်သံကြောင့် နေမကောင်းသေးတာမို့ အိပ်ယာပေါ်မှာအိပ်စက်အနားယူနေတဲ့ခရောင်
တစ်ယောက် လန့်နိုးသွားခဲ့၏ ထိုသို့ဖြစ်ဖြစ်ချင်းပင် အိပ်ယာမှထကာ ဖုန်းကောက်ကိုင်လိုက်လေသည်

" အင်းပြော "

" ဟဲ့ အသံကဘာဖြစ်တာလဲ မင်းနေမကောင်း
ဘူးလား "

" အင်း ငါဖျားနေတယ် အလုပ်တောင်မသွားဘူး "

" ဟာ ဟုတ်လား . အခုရောဘယ်လိုနေသေးလဲ
"

" အိပ်နေတာ မင်းဖုန်းဆက်လို့ ငါလန့်နိုးသွားတာ "

" အာ ~ ဟုတ်လား . အေး တောင်းပန်ပါတယ်
ကွာ ငါမသိလို့ပါ "

" ရပါတယ် ဒါနဲ့ဘာကိစ္စလဲ "

" မနက်ဖြန် ငါ့အမေမွေးနေ့မို့လေ အဲ့ဒါငါမွေးနေ့လက်‌ဆောင်ဘာပေးရမှန်းမသိလို့ မင်းကို ငါနဲ့ Market တစ်ခုကိုလိုက်ခိုင်းမလို့ပါ အခု
မင်းက နေမကောင်းဘူးဆိုတော့လည်း ရတယ်
နော် "

" အင်း ဒီတစ်ခေါက်တော့နားလည်ပေးပါနော်
မင်း ကောင်မလေးနဲ့သွားလိုက်လေ နော် "

" အေးအေး ဟုတ်ပြီ ခရောင် . နေကောင်းအောင်လည်းနေအုန်းနော် ကဲ ကဲ ပြန်အိပ်လိုက်
အုန်း "

" အင်း အင်း . အဲ့ဒါဆို ဒါပဲနော် နေ့သစ် ငါ
ဖုန်းချလိုက်တော့မယ် "

" အေးအေးအေး "

ဖုန်းချပြီးသည်နဲ့ ပြန်အိပ်မည်လုပ်မယ်ကျန်
သော်လည်း မအိပ်ချင်တော့တာကြောင့် ဆက်
မအိပ်ဖြစ်တော့ပဲ အောက်ထပ်ကို‌ဆင်းလာခဲ့
တယ် မနက် ၆နာရီ‌လောက်က အမေဖြစ်သူက
ဈေးသွားမည်ဟု အသိပေးထားတာကြောင့်
ပြန်မရောက်လာသေးတာမို့ အမေ့ကိုဖုန်းဆက်
ကြည့်လေတယ်

" ဟယ်လို အမေ "

" သား နိုး‌ပြီလား "

" ဟုတ်အမေ . အမေ မလာသေးဘူးလား "

" အင်း သားရယ် ဒီနေ့ကျမှ မတွေ့ဖြစ်တာ
ကြာတဲ့ငယ်သူငယ်ချင်းနဲ့ ဆုံဖြစ်လို့ အဲ့ဒါ
အမေတို့ စားသောက်ဆိုင်တစ်ခုမှာထိုင်နေလို့
သား ဗိုက်ဆာနေပြီလားဟင် "

If possible ~Where stories live. Discover now