( Unicode )
[ ဇာတ်လမ်းတစ်ခုအဖြစ်သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]
ပူလျောင်းလှတဲ့ နွေရာသီရဲ့ နေ့လယ်ခင်းတစ်နေ့မှာ မြို့တော်ခန်းမရှေ့ ခြေလှမ်းလာတဲ့ကောင်လေးတစ်ယောက် ၊ အနက်ရောင် Mask လေးကိုတပ်ဆင်ထားပြီး Gray အရောင်ရှိသတဲ့ Hoodie လေးကိုဝတ်ဆင်ထားကာ Hoodie မှာပင် ခေါင်းစွပ်လေးပါတာကြောင့် ခေါင်းစွပ်ပါစွပ်ထားသတဲ့ . ထို့အတူပင် အနက်ရောင် ကျောပိုးအိတ်လေးကိုထမ်းလွယ်လာတဲ့ ထိုကောင်လေးတစ်ယောက်
" ဟက် ပူလိုက်တာကွာ . ဘယ်လိုနွေရာသီမှန်းကိုမသိဘူး ၊ ဒီကြားထဲ အလုပ်လျှောက်တာကလဲ မအောင်မြင်ခဲ့တဲ့ဘဝ ခက်တော့တာပဲ
ခရောင်သွေးရေ ခက်တော့တာပါပဲ " .
ပူလိုက်တာကလာသေးတယ် သူပဲနွေရာသီ
ကြီးမှာ Hoodie ကြီးဝတ်ပြီး Mask တပ်ထားတာ မပူတဲ့အတိုင်းပဲ .
"ဒါနဲ့ ငါ့မျက်နှာက အမာရွတ်ကြီးကအဲ့လောက်တောင်ဆိုးနေလို့လား . တော်တော်များရုပ်ပျက်နေလို့လား . အာ့ကြောင့်ပဲ ဒီတစ်ခေါက်အလုပ်
လျှောက်တာလဲမအောင်မြင်တာလား . ဟူး ~ စိတ်ညစ်ပါတယ် ငါဘယ်တော့မှ အလုပ်ရမှာလဲဟာ "
တစ်ဖက်ကမ်းကို လမ်းကူးဖို့အတွက် မီးပွိုင့်ကို
ကြည့်တော့ 🚥 မီးနီနေတာနဲ့ ကားလမ်းမပေါ်
ဖြတ်လျှောက်သည့်အလား သူမြင်တွေ့လိုက်ရတဲ့သူက သိပ်ကို Perfect ဖြစ်လွန်းတဲ့ Suit ကိုဝတ်ဆင်ထားပြီး နက်တိုင်လည်းတပ်ဆင်ထားကာ မသိရင် လုပ်ငန်းရှင်ကြီးသဖွယ် ခန့်ညား
နေမှု ၊ အညိုပုတ်ရောင်ရှိတဲ့ ဆံပင်ကိုမှအလယ်ခွဲကာ . လမ်းလျှောက်ရင်း ဆွဲဆောင်မှုရှိနေတဲ့
ထိုဆံပင်ကိုပါ သပ်ပစ်လိုက်တဲ့အမျိုးသားတစ်ဦး ၊ ခရောင်သွေးရဲ့အမြင်မှာတော့ သိပ်ကို
ဆွဲဆောင်မှုရှိနေလို့လားမသိ မျက်စိကနေကို
အကြည့်တွေမချတော့ဘူး . သူကလဲ တစ်ဖက်ကမ်းကိုအကူး ဟိုကလည်းတစ်ဖက်ကမ်းကနေ
ကိုယ့်ဆီအလာဆိုတော့ နှစ်ယောက်သားလမ်းဖြတ်ကူးရင်း ကားလမ်းမပေါ်အလယ်တည့်တည့်ကိုရောက်တော့ သူ့ဆီအကြည့်မခွာတဲ့
ခရောင်သွေးကို သူတချက်ကြည့်ပြီး မဲ့ပြုံးပြုံး
ရင်း ခရောင်သွေးနဲ့ဘေးချင်းကပ် ဖြတ်သွား
တယ် . ခရောင်သွေးလဲ ဟိုဘက်ကမ်းကိုပင်
အရောက် နောက်ပြန်လှည့်ကြည့်လိုက်ရင်း
သူ့စိတ်ထဲက ပြောလိုက်တဲ့စကားတစ်ခုက
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
