( Unicode )
ဇွဲမာန်ရဲ့အမေကျန်းမာရေးမကောင်းလို့ဆေးရုံတင်ထားတာကြောင့် အဖေဖြစ်သူလည်း သူ့ကုမ္ပဏီဘက်ကိုလှည့်မကြည့်နိုင်ဖြစ်တာမို့
ဇွဲမာန်ကပဲ ကုမ္ပဏီမှာအချိန်ပြည့်ရှိနေနိုင်ခဲ့တယ်။ ကုမ္ပဏီက clothing ပိုင်းမို့ ဇွဲမာန်ကျွမ်းကျင်သည်ဖြစ်သည်။ design ဆွဲရာတွင်
အလွန်ပါရမီရှိတာမို့ အဖေ့ကုမ္ပဏီကိုမဦးစီးပေမယ့်လို့ အရေးအကြောင်းရှိလာခဲ့ရင်တော့သူ့ကိုပင် မန်နေဂျာခန့်ထားရသည်။ ဇွဲမာန်လည်း
၁နှစ်လောက်ဒီမှာနေမယ်လို့အတည်ပြုထားတာမို့ ဟိုမှာလည်းသူ့ကုမ္ပဏီနဲ့သူ၊သူ့အပူနဲ့သူ
ဆိုတော့ ခဏလာတုန်း အချစ်ဦးဖြစ်သူဖူးမေ
ကိုယုံကြည်တာမို့ ဖူးမေနှင့်သာခဏအပ်ထား
ခဲ့ရသည်။ အခုတော့ အဖေ့ကုမ္ပဏီမှာတစ်ရုံးလုံးအပူ သူ့ခေါင်းထဲအကုန်သိမ်းသွင်းထားရသလိုပင် ၊ အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။ဒီနေ့လည်း ဝန်ထမ်းအသစ်တွေခေါ်ဖို့အတွက်အင်တာဗျူးရှိနေတော့ သူပဲအကုန်စီစဉ်ရတာပေါ့။ ဖခင်၏ရုံးခန်းထဲတွင် အင်တာဗျူးလာလျှောက်ကြသည့်ဝန်ထမ်းတိုင်းကိုစစ်ဆေးနေသည်။
" နာမည်က "
" ဧဒံ ပါ "
" ညီ ဒီအလုပ်နဲ့ပတ်သက်ပြီးကျွမ်းကျွမ်းကျင်ကျင်ရှိလား "
" အမ်း ..... ကျွန်တော်အရင်ကတော့ ကုမ္ပဏီ
အသေးလေးတစ်ခုမှာ ဒီဇိုင်နာလုပ်ဖူးပါတယ်။
လစာမကောင်းတာနဲ့ ထွက်လာတာကြာပါပြီ။
အခုနောက်ပိုင်းတော့ ဆွဲလေ့ဆွဲထမရှ်ိဘူးပေါ့။
ဒါပေမယ့်လို့ ကြိုးစားကြည့်ချင်ပါတယ် "
" ကောင်းပါပြီ။ မင်းဆွဲထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို gp chat မှာ ပို့ထားပေးပါ။ စစ်ဆေးပြီး
ကြိုက်နှစ်သက်တာနဲ့အကြောင်းပြန်လိုက်ပါ့မယ်။ သွားလို့ရပါပြီ "
" ဟုတ်ကဲ့ပါဗျ "
မနက် ၈နာရီလောက်ထဲက non stop အလုပ်လုပ်နေတာမို့ ယခုပင် နေ့လည် ၂နာရီရှိသွားပြီ
ဖြစ်သည်။ အခုတော့နောက်ဆုံးတစ်ယောက်သာကျန်တော့သည်။ ဇွဲမာန်လည်းနေ့လည်စာပင်မစားရသေးကာ ပင်ပန်းပြီးမူးနောက်နေပြီ
ဖြစ်လို့ ကုမ္ပဏီကဝန်ထမ်းတစ်ဦးကိုအကူအညီ
တောင်း၍ နောက်ဆုံးလူကိုအထဲဝင်ခိုင်းလိုက်သည်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
