( Unicode )
ဒီနေ့ကဘာနေ့မို့ အဲ့လောက်ထိတိတ်ဆိတ်နေ
ရတာလဲ။ လုပ်လာတဲ့တစ်လျှောက်ဒီလိုမျိုးတိတ်ဆိတ်တာကြီးကို တစ်ခါမှမကြုံဖူးခဲ့ပါ။
ကိုဉာဏ် ဒီနေ့ကျွန်တော့်မျက်နှာကိုကြည့်ပြီး
တော့တောင်စကားပြောဖော်မရဘူး ၊ တကယ်ပဲ သူ့မှာဘာကိစ္စထပ်ရှိနေပြန်ပြီမို့လို့လဲ အိမ်
ကိစ္စလား ဒါမှမဟုတ် ကျွန်တော့်ကိုပဲစိတ်ဆိုးနေတာလား ဟာ .... မဖြစ်နိုင်တာ ကိုဉာဏ်က
ငါ့ကိုစိတ်ဆိုးရအောင်ငါကဘာလုပ်ထားလို့တုန်း ဟင့်အင်း မဖြစ်နိုင်ဘူး
" ကိုဉာဏ် ပိုက်ဆံလေးအမ်းပေးပါဦး "
ပိုက်ဆံအမ်းချိန်မှာလည်း အရင်လိုကောင်တာ
မှာ ပြုံးပြုံးပျော်ပျော်ထိုင်နေတဲ့သူက အခုတော့
ကျောက်ရုပ်ထုကြီး ကောင်တာရှေ့ချထားသလားတောင် အောက်မေ့ရတယ်။ ခကသာ
တောက်လျှောက်ကြည့်နေတာ သူကတော့ခကို
မျက်နှာတောင်မကြည့်လှည့်
" ကိုဉာဏ် "
" အင်း "
" တစ်ခုခုဖြစ်ထားလို့လား ",
" မဟုတ်ပါဘူး "
" ကျွန်တော်မနေတတ်တော့လို့ "
ဖုန်ခါနေသည့်လက်က သူ့အလိုရပ်တန့်သွားခဲ့ပြီး အဲ့ကျမှသူ ခရောင်ရဲ့မျက်နှာကိုတည့်တည့်
မတ်မတ်လှည့်ကြည့်မိတယ်
" အစ်ကိုလည်း မသိဘူး ၊ အစ်ကိုဘာဖြစ်နေမှန်း။ ဒါမယ့်ညီ့ကိုတော့ စိတ်ဆိုးစရာအကြောင်းမှမရှိတာ ညီဘာမှမဖြစ်ပါနဲ့ "
တစ်ဖက်က ဤသို့ဆိုလာသော်လည်း ကျွန်တော်စိတ်ကသိကအောက်ပိုဖြစ်ရပါသည်။ သူ့ကိုယ်သူတောင်ဘာဖြစ်နေမှန်း
မသိဘူးတဲ့
" ဒါဆိုကျွန်တော့်ကိုစိတ်ဆိုးနေတာတော့
မဟုတ်ဘူးပေါ့ "
" မင်းကိုမဟုတ်ပါဘူးလို့ ကိုယ်ပြောနေတယ်
လေ "
စိတ်မရှည်ဟန်နဲ့ ပြန်လှည့်လာကာ အော်လိုက်တဲ့အသံက ဟိန်းထွက်မတတ်။ ခရောင်လည်း
လန့်ကာ မျက်နှာလေးညှိုးနွမ်းသွားတယ်
"တောင်းပန်ပါတယ် အနှောင့်အယှက်ပေးမိပြီ"
ဆိုင်ထဲသို့ ဝင်မယ့် customer က ဝင်ရမှာလား
ထွက်ရမှာလားမသိ ဖြစ်နေတာကြောင့် ခရောင်က အားနာနာဖြင့် နှုတ်ဆက်လိုက်ကာ ဆိုင်ထဲ
သို့ဝင်ခိုင်းလိုက်တယ်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
