( Unicode )
" ဘာလာလုပ်တာလဲ "
" ဟယ် ... ဒါသူငယ်ချင်းတစ်ယောက်ကိုကြိုဆို
တဲ့ လေသံလား "
" မင်းက ညသန်းခေါင်လောက်ကြီးရောက်ချ
လာတာကိုး ဘာကိစ္စကဖြစ်ရပြန်ပြီတုန်း ၊
တစ်နိုင်ငံလုံးမှာ မင်းစောက်လုပ်ချည်းပဲ "
" ငါညလာအိပ်တာကွ "
" ဟမ် "
" အင်းလေ ညလာအိပ်တာလို့ "
ခရောင်လည်းစိတ်ရှုပ်ရှုပ်နဲ့သာ ခေါင်းကို
အကြိမ်ကြိမ်ဖွနေမိသည်။ ဒီကောင်ဘာပြဿနာတွေလာပေးဦးမှာလဲကွာ
" ဘာကြောင့်လဲ "
" ဒီတိုင်း အိမ်နဲ့စကားများလာလို့ ၊ ငါ့အတွက်
တစ်နေရာစာရှိတယ်မဟုတ်လား "
" အင်း "
" အိပ်မယ်နော် "
စပ်ဖြီးဖြီးနဲ့ ခရောင်ကို မျက်လုံးတချက်မှိတ်ပြ
လိုက်ပြီး ကုတင်ကလွတ်နေတဲ့လူတစ်နေရာစာ
မှာ ဘုန်းခနဲပစ်လှဲလိုက်တယ်
" ဖြည်းဖြည်းလှဲပါဟ ကုတင်ပြိုတော့မယ် "
" ဟီးဟီး ... နေစမ်းပါဦး မင်းအခုတလောနော်
ငါ့ကိုလည်းဖုန်းမဆက် တော်တော်နေနိုင်တယ်နော် ၊ ဘာလဲ ရည်းစားရနေပြီမလား "
ဒီကောင် အာရုံခံတော်တော်ကောင်းတဲ့ကောင်
ဒီလိုနေရာမှာဆို ဉာဏ်ကမီတယ် မပြောလိုက်
ချင်ဘူး ၊ နေ့သစ်ရဲ့စကားသံကြောင့် ခရောင်
တစ်ခဏမျှငြိမ်သက်သွားတာမို့ နေ့သစ်က
သူထင်နေမိတာ မှန်ပြီဆိုတဲ့ပုံစံနဲ့ ခရောင်ကို
တအံတဩ မျက်လုံးပြူးကြည့်သည်
" ဟျောင့် အသွေး ... ငါထင်နေတာတကယ်ကြီးလားဟ "
" ကျစ်! လာပြန်ပြီ အဲ့အသွေး ဖင်ကြိမ်းတယ်ဟ "
" နေစမ်းပါ ငါပြောတာဖြေဦး တကယ်ကြီးလား"
" အင်း "
ခရောင်က ခေါင်းကိုဖြည်းဖြည်းချင်းညိမ့်ပြ
တော့ နေ့သစ်က သူ့သူငယ်ချင်း၏ချစ်သူမှာ
မည်သူလဲဆိုတာကို ပိုမို၍စိတ်ဝင်စားလာပြီး
မေးခွန်းထပ်မေးလာပါသေး၏။
" ဘယ်သူလဲ "
" ပြောမှဖြစ်မှာလား "
" အေးလေ ၊ မင်းကဘာလဲဟ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကိုတောင်
မပြောပြချင်ဘူး ၊ ခင်ရကျိုးနပ်လိုက်တဲ့အကောင် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
