If Possible ( Part - 14 )

346 16 0
                                        

( Unicode )

အလောတကြီးဖြင့် အာရှတော်ဝင်ဆေးရုံသို့
ပြေးဝင်လာခဲ့တယ် ဘေးကဖြတ်သွားတဲ့လူနာစောင့်ဦးလေးကြီးကိုတောင်ဝင်တိုက်မိလို့
တောင်းပန်ခဲ့ရသေး။ ဒီနေ့ကျမှလမ်းကလည်း
မတရားပိတ်နေခဲ့ကာ တစ်နာရီအကြာမှဆေးရုံသို့ရောက်ရှိခဲ့ရ၏။

" အေး နေ့သစ် ဘယ်အလွှာလဲ "

" Second floor မှာ အခန်းနံပါတ် *** "

" အင်း ငါအခုစက်လှေကားနဲ့တက်လာပြီ "

ရှေ့က စက်လှေကားက ပွင့်နေသေးသည်ဖြစ်လို့ဖုန်းကိုပင်အမြန်အဆန်ချရကာ အမီပြေးဝင်
မိပါသည်။ ခလုတ် 2 ကိုနှိပ်ပြီးသည်နှင့် အသက်ကိုဝဝရှူမိလိုက်၍ တစ်လမ်းလုံးပြေး
လာတဲ့အရှိန်ကြောင့်မောဟိုက်သံက နိမ့်လိုက်
မြင့်လိုက်ဖြစ်၍နေ၏။ အခန်းရှေ့သို့ရောက်မိသည်နှင့်တံခါးကိုအတင်းဖွင့်လိုက်တော့
တည်တံ့က သတိရနေပြီဖြစ်ကာ တံခါးဖွင့်သံ
ကြောင့် ဖက်ခနဲလှမ်းကြည့်လိုက်မိသည်။

" ကိုဉာဏ် "

ခေါ်သံလေးကြောင့် တည်တံ့ကပြုံးလိုက်မိကာ
ခရောင်ရောက်လာတာကြောင့် သူဝမ်းသာမိသည်။

" ညီ "

တည်တံ့ဆီအနီးအကပ်ရောက်လာမိပြီးကုတင်
ဘေးကလွတ်နေတဲ့ခုံ‌ကိုယူထိုင်ကာ တည်တံ့
လက်ကိုဆုပ်ကိုင်လိုက်တော့ တည်တံ့ကပင်
မျက်လုံးအိမ်ကျယ်သွားမတတ်။

" အဆင်ပြေရဲ့လား ၊ နေ့သစ် ဘယ်လိုဖြစ်ရတာလဲ "

" မင်း ကိုတည်နဲ့စကားများထားကြတာလား
မင်းကိုတော့ငါလုပ်မိတော့မယ်။ မင်းဘာလို့
ကိုတည့်ဖုန်းကိုမကိုင်တာလဲ. သူတစ်ညလုံး
မင်းအိမ်ရှေ့ရပ်စောင့်နေတာ မင်းညဘက်ကြီး
ဘယ်ကိုထွက်သွားမှန်းမသိတဲ့အချိန်မှာ ကိုတည်က မင်းတွေ့ပြီးမခေါ်လိုက်ရဘူး။ မင်းကို
တောင်းပန်ဖို့အတွက်နဲ့တစ်ညကုန်သွားတာ၊ ညကလည်းမိုးကကောင်းတယ်လေ. အဲ့ဒါနဲ့ကိုယ်အပူချိန်တွေတက်ပြီး ငါနဲ့စကားပြောနေစဉ်မှာပဲမူးလဲသွားလို့ ငါလည်းဘာလုပ်ရမှန်းမသိတာနဲ့ ဆေးရုံခေါ်သွားလိုက်တာ "

နေ့သစ်စကားပြောအပြီးမှာတင် ခရောင်က
တည်တံ့မျက်နှာကိုလှည့်ကြည့်လိုက်၏။စိုးရိမ်စိတ်လား စိတ်တိုစိတ်လားပင်မသိတော့...

If possible ~Where stories live. Discover now