( Unicode )
"တောက်"
ကျယ်ဝန်းပြီးခမ်းနားတဲ့အိမ်တော်ထဲသို့ တည်တံ့ဝင်လာခဲ့သည်။ဝင်ဝင်ချင်းဧည့်ခန်းပင်
ရှိသေး ကြားလိုက်ရသည့်တောက်ခေါက်သံ
ကျယ်ကျယ်ကြောင့် တည်တံ့ထိုလူကိုတည့်တည့်မတ်မတ်ကြည့်မိလိုက်ပါသည်
" မင်းတော်တော်ဂြိုလ်ကြွနေတယ်ဟုတ်လား "
" လိုရင်းကိုပြော "
" မင်းအဖေကိုပမာမခန့်လုပ်နေတာလား ငါမသိ
တုန်း Cafe ဆိုင်ကိုယ့်ဖာသာကိုယ်ဖွင့်တယ်။
ဒီလောက် ငါ့ကုမ္ပဏီမှာစာရင်းဇယားတွေ
လျော်ကြေးတွေသိပ်များနေတာကို မင်းနည်းနည်းလေးမှတောင် လာမကူဘူး ကျောင်းပြီးရင် မိဘကုမ္ပဏီများဝင်ကူပေးမယ်အောက်မေ့
ရတယ် တစ်ခုမှကိုမဖြစ်လာပါလား "
" အဖေ့ကိစ္စအဖေကြည့်ရှင်းလေ ကျွန်တော်နဲ့
ဘာဆိုင်တုန်း ဒီလောက်အရင်းများမယ်ဆိုတာ
လည်းသိသိရက် အဖေ့ဖာသာစာချုပ်ချုပ်ပြီး
အဲ့ပစ္စည်းတွေဝယ်ခဲ့တာလေ ... အခုတော့
လျော်နေရပြီမဟုတ်လား အဖေ ကခဲ့တဲ့ဇာတ်အဖေနိုင်အောင်ထိန်း
( ဖြောင်း )
" မင်းအချိုးတွေကို ကြည့်ပြင် နောက်ကျငါ့အဆိုးမဆိုးနဲ့ "
ရိုက်ချက်ပြင်းတာမို့ တည်တံ့ရဲ့ပါးလည်ထွက်သွားပြီး နီရဲသွားတယ်
" ကိုကြီးကို လက်မပါပါနဲ့ "
" နင်ဝင်မပါနဲ့ "
" ဘယ့်နှယ့် တစ်နေကုန်အပြင်မှာရှိနေပြီး ကိုယ့်ညီမဆေးရုံတက်ရတာတောင် ကိုယ်မသိဘူး ၊ မင်းဘယ်လိုအစ်ကိုမျိုးလဲ "
" ဟမ် မှုံဆေးရုံတက်ရတယ်တဲ့လား "
တည်တံ့လည်း မျက်ဝန်းအိမ်ကျယ်ကာ ပြာသွားပြီး သူ့ညီမနှင့်မျက်နှာချင်းဆိုင်လိုက်တယ်။ သူ့ညီမရဲ့ လက်နှစ်ဖက်ကိုနူးနူးညံ့ညံလေးဆုပ်ကိုင်လိုက်သည်
" မှုံ ဘာဖြစ်တာလဲ ကိုကြီးကိုပြောပါဦး "
" ဘာမှမဖြစ်ပါဘူးကိုကြီးရဲ့ မှုံမိုးမိပြီးသတိလစ်သွားတာ အာ့နဲ့ဆေးရုံတက်လိုက်ရတာ အစ်မတစ်ယောက်က ကယ်ပေးခဲ့တာပါ။ ညနေကျမှအိမ်ကိုဖုန်းဆက်လိုက်တာ ဆေးရုံဆင်းခါနီးမှ အဲ့အစ်မက အလုပ်ပေါ်လာလို့သူ့ကိုပြန်လွှတ်လိုက်တာ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
