( Unicode )
" ဘယ်လိုလဲ အခြေအနေ "
" ကျွန်တော်တို့ထွက်သွားတဲ့အချိန်မှာ လူ
တစ်ယောက်က အဲ့ကောင်လေးကိုခေါ်ထုတ်သွားတယ်လို့ ကြားရပါတယ် သူဌေးကတော် "
" ဘာ! "
ဒေါသကဆောင့်တက်သွား၍ တုန်လှုပ်သွား
တဲ့ ဒေါ်အဏ္ဏဝါရုပ်က စုန်းမရုပ်အသွင်။
" အဲ့... အဲ့ ဒါဆို ဘယ်သူက ကယ်သွားတာတုန်း"
" ကျွန်တော်တို့လည်းမသိရပါဘူး အရပ်ရှည်
ရှည် အသားဖြူဖြူနဲ့လူလို့ပြောပါတယ် "
" နေဦး ဝဏ္ဏကဂိုဒေါင်နားမှာရှိမနေတာလား
တစ်ခုခုမလုပ်ဘဲ ဘာလုပ်နေလဲ သူတစ်ခုခုပြန်မတိုက်ခိုက်ဘူးလား "
" ဝဏ္ဏကအဲ့နားမှာ ခဏဆေးလိပ်ထွက်ဝယ်ရင်း လူတစ်ယောက်ကယ်ထုတ်တာကို သူတွေ့လိုက်တယ်ဆိုပြီး အဲ့လူကိုတိုက်ခိုက်ဖို့လုပ်မယ့်
အချိန်မှာ ရဲတွေကော မီးသတ်ကားတွေကော
ရောက်လာတော့တာပါပဲတဲ့ မီးကတော်တော်
စွဲနေပြီကြားတယ် "
" တောက်! စောက်သုံးကိုမကျတဲ့ဟာတွေ ၊
ခရောင်သွေး ခရောင်သွေး ... နင်တော်တော်
အဆိပ်ပြင်းတဲ့ကောင်ပါလား ၊ တော်ပြီ နေတော့ ငါဘာမှဆက်မပြောချင်တော့ဘူး "
အိမ်ခြံဝန်းဘက်ထွက်ကာ စပီကာဖွင့်ပြီးပြောနေတာကို မည်သူမျှမကြားနိုင်တာကိုသိလို့
ဒေါ်အဏ္ဏဝါကအပြင်ကိုသာထွက်ပြောရတယ်။
သူမ၏ဒေါသကအရှိန်မြင့်ပြီး ဖုန်းတောင်
ပစ်ပေါက်ချင်စိတ်ဖြစ်မတတ်။ ဒေါသတကြီး
ဖြင့်သူ့အလုပ်မအောင်မြင်လိုက်မှန်းသိလိုက်ရလို့ အိမ်ထဲသို့ပြန်ဝင်ရန် လှည့်အထွက် ရှေ့မှာ
ဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့သူကြောင့် ဒေါ်အဏ္ဏဝါထိတ်လန့်သွားခဲ့တယ်
" ခင် "
" အမေ ဘာတွေပြောနေတာလဲ ... ခုနကပြော
နေတာတွေက ဘာတွေလဲ "
" ခင် .. သမီး ... "
" ခ ကိုဘာလုပ်လိုက်တာလဲ "
" ..... "
" သမီးမေးနေတယ်လေ ခ ကိုဘာလုပ်လိုက်တာလဲလို့ "
ခင့်ရဲ့ရင်ထဲမှာပြောပြမတတ်ဝမ်းနည်းလာပြီး
ရင်ထဲစို့နင့်လာတာကြောင့် သည်းမခံနိုင်တော့
သည့်အဆုံး သူ့အမေကိုဆောင့်အော်ပစ်လိုက်တယ်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
