If Possible ( Part - 11 )

306 14 5
                                        

( Unicode )

" ဘာစားပြီးပြီလဲ. အစ်ကိုဘာစီစဉ်ပေးရမလဲ
ညီ "

" ရပါတယ် ကျွန်တော်ဗိုက်မဆာဘူး "

တည်တံ့က ဆိုင်ကိုသော့ပြန်ဖွင့်ခဲ့ပြီး ခရောင်ကို
အထဲသွင်းကာ အနားယူစေတယ်။ခရောင်က
တော့ နောက်မှီထိုင်ခုံလေးပေါ်မှာ ခြေကုန်
လက်ပန်းကျစွာ စကားမပြောတတ်တဲ့စက်ရုပ်လိုပဲ အသေရုပ်အတိုင်းထိုင်နေမိတယ်

" ညီ သူနဲ့ပြဿနာဖြစ်လာတာလား "

" ကျွန်တော်တို့ပြတ်သွားပြီ ကိုဉာဏ် "

" ဟင် "

ပြတ်သွားပြီတဲ့လား ဘာကြောင့်ညီ့လိုလူကို
သူဒီလောက်လုပ်ရက်ရတာလဲ ဘာအပြစ်မှ
မရှိတဲ့ အဖြူထည်ကောင်လေးတစ်ယောက်ကို

" ကျွန်တော်တို့ပြတ်သွားကြတယ်.. ဟုတ်တယ်
သူကျွန်တော်ဘယ်သူဆိုတာသိသွားပြီ ၊ ကျွန်တော်က သူသိပ်မုန်းခဲ့တဲ့သူဆိုတာ သူ
သိသွားပြီ ကိုဉာဏ် "

ညီ ပြောနေတာတွေကိုအစ်ကိုနားမလည်တော့ဘူး  ညီစကားနှင့်အညီအပြိုင်လိုက်တွေးကြည့်
ပေမယ့် ညီဘာကိုဆိုလိုနေမှန်းကိုယ်တကယ်
မသိ။ ကျွန်တော့်ရဲ့စိတ်ဝင်စားမှုအရှိန်က
မြင့်သထက်မြင့်တက်လာခဲ့သည်။

" ကျွန်တော်က မယားငယ်သားတစ်ယောက်ပေါ့။ သူကတော့မယားကြီးသား... အစ်ကိုကော သူ့အမေကောက ကျွန်တော်တို့သားအမိ
ကို သိပ်မုန်းတာလေ။ မျက်စိရှေ့တွေ့မိတာနဲ့တင် သူတို့ကမ္ဘာပျက်နေကြပြီ. အဲ့လောက်‌ထိ
မုန်းကြတာလေ "

ကျွန်တော်ညီ့ရဲ့စကားတွေကိုနားထောင်နေရင်း
သရုပ်ပျက်မတတ်ထိုင်နေဆဲ။ ညီကတော့
စိတ်ရော လူရောပင်ပန်းနွမ်းလျစွာထိုင်ခုံပေါ်
ထိုင်နေတယ် သူ့အကြည့်တွေကကျွန်တော့်ထံ
မျက်နှာမလွှဲခဲ့ဘဲ ဆက်တိုက်ကြည့်ပြီးပြောနေ
ခဲ့တယ် ပင်ပန်းနေပြီမဟုတ်လား ညီ... ကိုယ်
မင်းကိုမကြည့်ရက်တော့ဘူး

" ညီ ဘာဆက်လုပ်မယ်စဉ်းစားထားလဲ "

" ကျွန်တော်သူ့ကိုလက်မလျှော့ဘူး အစ်ကို "

လက်မလျှော့ဘူးတဲ့လား .... မင်းကိုဒီလောက်
ထိနာကျင်အောင်လုပ်ထားပြီးမှ ဘယ်လိုစကား
မျိုးကိုပြောထွက်ရတာလဲ ညီရယ်

If possible ~Tahanan ng mga kuwento. Tumuklas ngayon