( Unicode )
ခမ်းနားကျယ်ဝန်းလှတဲ့ Lotte Hotel သို့
ကျွန်တော်ငေးမောစွာဖြင့်ရောက်ရှိလာခဲ့တယ်
တောသားမြို့တက်လာသလိုပင် အထဲကပြင်ဆင်ထားတဲ့ အရာတွေမှန်သမျှဟာတော်တော်
အဆင့်တန်းရှိလွန်းတာကြောင့် ကျွန်တော်လျှောက်လမ်းတစ်လျှောက် ဖြည်းဖြည်းချင်းသာလျှောက်နေမိသည်. ကျွန်တော့်ရှေ့ကနေ
ခြေလှမ်းကျဲကြီးဖြင့်လျှောက်နေတဲ့သူ့ခြေလှမ်းကိုလည်း ကျွန်တော်မမီတော့ပါ.သူ့အရပ်ရှည်
သလောက် ဖြည်းဖြည်းချင်းလျှောက်မယ်ကိုမရှ်ိဘူး. တော်တော်တစ်ကိုယ်ကောင်းဆန်တဲ့သူ
" ဟာ ကိုရင်းဆက် . မလာတာတောင်ကြာပြီ
ကျွန်တော်ဖြင့် သတိတွေရနေတာ "
ဘော်ဒါအချင်းချင်း ပွေ့ဖက်ကြ၍ နှုတ်ဆက်လေသည်.
" ကျွန်တော်လည်း ကုမ္ပဏီကိစ္စလေးကြောင့်နဲ့
မအားဘူးဖြစ်နေတာပါ အခုတလော. ဒီညတော့ အပြင်မှာစားလိုက်မယ်လေဆိုပြီးဧည့်သည်ပါခေါ်လာသေးတာ "
" ဟုတ်လား. ကျွန်တော့်ကိုလည်းမိတ်ဆက်ပေးပါဦးဗျ "
" သူ့နာမည်က "ခ" တဲ့ . ဒါနဲ့ ခ . ဒါကိုယ့်ရဲ့
လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ ကိုရှိုင်းရတုတဲ့ "
" တွေ့ရတာဝမ်းသာပါတယ်ဗျ. ကျွန်တော့်နာမည် ခ လို့ခေါ်ပါတယ် "
" ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ဗျ"
ကျွန်တော့်ကို သူ့မိတ်ဆွေကလက်စွဲနှုတ်ဆက်
ခဲ့ပါသေးသည်. နောက်ဆုံးတော့ တောသားလေး မြို့သူဌေးနဲ့လာတွေ့နေသလိုပဲ အဟက်.
" ဘာလို့ mask တပ်ထားတာလဲဗျ . ချွတ်လို့
ရပါတယ်နော် "
" ဟုတ်တယ် ကိုရှိုင်းရေ သူ့ကိုကြည့်ရင်တချိန်လုံးတပ်ထားတာ အသက်ရှူမကျပ်တဲ့အတိုင်းပဲ"
" ကျွန်တော်စားမှပဲ ချွတ်တော့မယ်ဗျ "
" ကောင်းပါပြီ. ဒါဆို ကိုရင်းဆက်တို့ရောက်နေတယ်ဆိုတာ ကျွန်တော်သူဌေးကိုသွားပြောလိုက်ဦးမယ်ဗျာ. ဒီ Vip မှာထိုင်ပါနော် "
" ကျေးဇူးပါဗျ "
ပြုံးပြုံးနဲ့ထွက်သွားသည့် ကိုရှိုင်းကိုကြည့်ရတာ သိပ်သဘောကောင်းမယ့်ပုံပေါ်ပါသည်
ဖော်ရွေသည် စကားပြောရကောင်းသည်
အဆင့်အတန်းလည်းရှိပါသည်. ထိုလူကို
ငေးနေသည့်ကျွန်တော့်ကို နောက်ကနေကိုယ်တော်ချောက လက်တို့၏။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
