Episode 17 [Phoenixနှင့်သံသယ,Girl Boss Rider]

21 1 0
                                    

ပြီးခဲ့တဲ့အပိုင်းKamen Rider Skate

Sasaki Hikaruကညဘက်တစ်ယောက်တည်းထောင်ဖောက်ပြေးသွားလို့Hayaရဲဌာနတစ်ခုလုံး
ပွတ်လောရိုက်သွားခဲ့ပါတယ်။

Harumiကတော့Rinaရဲ့Killer Poisonကြောင့်ဆေးရုံမှာသတိမေ့နေပြီးSpiritအနေနှင့်ကျန်ခဲ့တာပါ။သူမကPhoenixဆိုတဲ့ထူးဆန်းတဲ့Spiritနှင့်တွေ့ဆုံခဲ့ပြီးHarumiရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။

RinaကThe Wreckerကိုဦးဆောင်ခဲ့ရာကနေသူမရဲ့မိခင်Hikaruပြန်ရောက်လာတဲ့အချိန်မှာတော့မိခင်ဖြစ်သူရဲ့ခိုင်းစေမှုကိုခံခဲ့ရပါတယ်။Hikaru
ကြောင့်Bloody KillerကနေKiller Goblin
အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

Harumiနှင့်Phoenixတို့၂ယောက်ပေါင်းပြီး
Phoenix Skateအဖြစ်အသွင်ပြောင်းရင်းKiller Goblinကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။
Hikaruတစ်ယောက်The Wreckerကိုပြန်လည်ဦးဆောင်တဲ့အခါမှာတော့Skate-shotရဲ့ကံကြမ္မာကဘာတွေဆက်ဖြစ်မလဲ?

-

Rainbow Cafèမှာ
HirokiကHarumiကို၃ရက်လောက်စောင့်နေရလို့ပင်ပန်းနေတယ်။Harumiအိမ်ပြန်ရောက်လာတော့

Harumi- "ရောက်လာပါပြီ။"

HirokiကHarumiကိုတွေ့တွေ့ချင်းပြေးဖက်လိုက်တယ်။

"Harumi!"

"အစ်ကို....."

"Harumi၊အစ်ကိုညီမလေးကိုအရမ်းစိတ်ပူနေတာ!ဘယ်တွေလျှောက်သွားနေတာလဲ?"

HarumiကRinaဆီကတိုက်ခိုက်ခံရတာတွေရော၊ဆေးရုံမှာမေ့မျောနေတာတွေကိုရောပြောပြလို့မရဘူးဖြစ်နေတယ်။

"အစ်ကိုကလည်း....ညီမပြန်ရောက်လာပြီပဲ။အစ်ကိုစိတ်မပူနဲ့တော့နော်။"

HirokiကHarumiကိုဒုတိယအကြိမ်ထပ်ဖက်ပြန်တယ်။

"ငါ့ညီမလေးကိုငါစိတ်ပူနေတာ.....ညဘက်ဆို
အိပ်မပျော်ဘူး.....အခုလိုပြန်လာတော့အစ်ကိုအရမ်းပျော်တယ်....."

"အစ်ကို့ကိုစိတ်ပူအောင်လုပ်မိတဲ့ညီမကပဲမှားတာပါ။"

Skate-shotမှာ

Asuka- "HarumiမှာSpiritတစ်ကောင်ရှိနေတယ်ဆိုတာသိသာတယ်။"

Natsu- "HarumiကဒီSpiritကိုသိနေတာလား?"

Bunny- "သူ့နာမည်က?"

AsukaကPh.Skateပြောခဲ့တာကိုစဥ်းစားမိသွားတယ်။

Skate-shot (スケート.ショット)Where stories live. Discover now