Episode 15 [ပြင်းထန်တဲ့Battle,Merry Christmas!!!]

19 2 0
                                    

Aoyamaအိမ်မှာ
Kotohaတစ်ယောက်အိပ်နေတဲ့အချိန်
သူမရုတ်တရက်မျက်လုံးဖွင့်လိုက်တယ်။
ထူးဆန်းတာကသူမကမှောင်မည်းနေတဲ့နေရာအလွတ်တစ်ခုကိုရောက်သွားတယ်။သူမကဟိုကြည့်ဒီကြည့်လုပ်နေရင်းထူးဆန်းတဲ့အလင်းတန်းတစ်ခုနှင့်အတူမိန်းကလေးတစ်ယောက်ကိုပါမြင်လိုက်ရတယ်။

"ဘယ်သူလဲ?"

သူမအဲဒီမိန်းကလေးကိုတွေ့တွေ့ချင်းမှာပဲ....

"တီ!တီ!တီ!တီ!" *နှိုးစက်အော်မြည်သံ*

Kotohaအိပ်မက်ကနေလန့်နိုးသွားတယ်။

"ငါဘယ်သူ့ကိုမြင်ခဲ့တာလဲ?"

Kotohaအိပ်ချင်မူးတူးနှင့်အောက်ဆင်းလာတော့
NatsuကKotohaကြိုက်တဲ့မနက်စာပေါင်မုန့်မီးကင်၂ချပ်နှင့်Strawberry jamဘူးလေးပါချထားပေးလိုက်တယ်။

Natsu- q"Kotoha၊နိုးလာပြီလား?"

"ဟုတ်ကဲ့....ဟိုလေ၊အစ်မ...."

"ပြောလေ။"

"ညီမ....အိပ်မက်မက်တယ်...."

"ဘာအိပ်မက်လဲ?ကောင်းတာလား?ဆိုးတာလား?"

"ထူးတော့ထူးဆန်းတယ်၊အစ်မ။"

"Uh?ဘာလို့လဲ?"

"အိပ်မက်ထဲမှာမိန်းကလေးတစ်ယောက်ကိုတွေ့လိုက်တယ်။သူကညီမရင်းနှီးတဲ့သူလည်းမဟုတ်ဘူး။သူကညီမကိုစိုက်ကြည့်နေတာ။"

Natsuလည်းKotohaစကားကြောင့်စဥ်းစားရခက်နေတယ်။

-

Christmas Eve

Rainbow CafèမှာHarumiနှင့်Hirokiတို့မောင်နှမ၂ယောက်လုံးChristmas Treeကိုအလှဆင်နေကြတယ်။ဘေးနားမှာလည်းလက်ဆောင်တွေစီထားကြတယ်။

"သေချာလုပ်နော်။"

"ဟုတ်ပါပြီ၊အစ်ကို။"

ခဏအကြာမှာJiroနှင့်Tadashiကလက်ဆောင်ဘူးကိုယ်စီနှင့်အိမ်ထဲဝင်လာတယ်။

Ji/Tada- "Merry Christmas!!!"

Harumi- "အစ်ကို့သူငယ်ချင်းတွေရောက်လာကြပြီ!"

Hiroki- "Hey!Jiroနဲ့Tadashi၊Merry Christmas...." *လက်ဆောင်ဘူးပေးလျက်*

Hirokiလက်ဆောင်ဘူးတွေပေးရင်းသူမကိုကြည့်လျက်

"Harumi၊ညီမကသူငယ်ချင်းတွေနဲ့အပြင်သွားဖို့ချိန်းထားတယ်ဆို?နောက်ကျနေဦးမယ်။"

Skate-shot (スケート.ショット)Opowieści tętniące życiem. Odkryj je teraz