Episode 7 [ခက်ခဲလာသောပုစ္ဆာ,ပန်ဒါဝက်ဝံရဲ့သရုပ်မှန်]

22 1 0
                                    

Natsuလည်းကားဘေးနားမှာထိုင်လျက်ပြုတ်ကျသွားတယ်။ပြီးတော့သူမအင်္ကျီကော်လံကိုဆွဲပြီး

"နင့်ကိုတစ်ခါတည်းပြောထားလိုက်မယ်....ငါတို့ကိစ္စထဲကို....နင်တို့ရဲတွေဝင်ရှုပ်ဖို့မကြိုးစားနဲ့!"

ပြီးတော့တွန်းလိုက်တယ်။ကားကိုဝင်တိုက်မိပြီးခေါင်းမှာလည်းသွေးတွေထွက်နေတယ်။

"နင်က....The Wreckerကလား...."

"နင်တို့ထပ်ပြီးဝင်ရှုပ်ရင်တော့.....ငါ့လက်နှင့်သတ်ရလိမ့်မယ်။"

Zero KillerကWrecker Braceletကခလုတ်တစ်ခုကိုထပ်နှိပ်လိုက်တယ်။

"Teleport!"

Teleportနှင့်တစ်ချက်တည်းပျောက်ကွယ်သွားတယ်။

F.SkateကPanda Goblinနှင့်ဖိုက်နေဆဲပါ။
နောက်ဆုံးမှာတော့Rider Fountain(Flame)ကို
Skate Driverထဲကထုတ်ပြီးFlame Swordထဲကို
ထည့်လိုက်တယ်။

"Final Skate!"

"Flaming Slash!"

Ayaမျက်စိရှေ့မှာတင်Pandaကိုတစ်ချက်တည်းရှင်းလိုက်တယ်။Panda Goblinတစ်ကောင်တစ်ကိုယ်လုံးပူပြီးပျောက်ကွယ်သွားတယ်။Ayaလည်းသူမရှာနေတဲ့Pandaပျောက်ကွယ်သွားလို့ငိုနေတယ်။

"Panda!"

F.Skateခါးပတ်ဖြုတ်လိုက်ပြီးHarumiပြန်ဖြစ်သွားတယ်။Aya​က​သူမကိုစိတ်ဆိုးနေတဲ့ပုံပါပဲ။

"Aya...."

"Pandaကိုဘာလို့သတ်လိုက်တာလဲ?ဘာလို့လဲ??"

"Aya၊အစ်မပြောတာကိုအရင်နားထောင်ပါ။"

သူမရှင်းပြချင်ပေမယ့်Ayaကစိတ်ဆိုးပြီးအမြန်ထွက်သွားတယ်။

Natsuကတော့ဒဏ်ရာတွေနှင့်ဖြည်းဖြည်းချင်းထ​လိုက်တယ်။

"Harumi...."

သူမအခြေအနေမဟန်တော့ဘဲအဲဒီနေရာမှာပဲလဲကျသွားတယ်။NatsuလဲကျနေတာကိုHarumiကတွေ့တွေ့ချင်းအမြန်ပြေးလာတယ်။

"အစ်မ!ထပါဦး!အစ်မ!"

-

The Wreckerစခန်းထဲမှာ
Rinaကတစ်ခုခုကြံစည်တာအောင်သွားသလိုစိတ်ထဲဝမ်းသာနေတယ်။HajimeကRinaပျော်နေတာကိုကြည့်ပြီး

"Rina-san၊ဘာဖြစ်လို့ပြုံးတာလဲ?"

"ဒီနေ့....Skateအမြဲတွေ့တွေ့နေတဲ့ကလေးမလေးကိုစိတ်ညို့လိုက်တာလေ။"

Skate-shot (スケート.ショット)Where stories live. Discover now