Episode 1 [City Riderဖြစ်ဖို့မွေးဖွားလာသူ၊The Best Heroine!]

126 9 0
                                    

လွန်ခဲ့တဲ့၁၀နှစ်.....

ညတစ်ည
ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေပြီးအပျက်အစီးတွေနှင့်ပြည့်နေတယ်။
အဲဒီညမှာပဲSkate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီတစ်ခုမှာSharonလို့ခေါ်တဲ့ကလေးမလေး၊သူမရဲ့ဖခင်CEOဖြစ်တဲ့Takahashi Ken၊စက်ရုပ်လေး
Bunny-botတို့မြေအောက်ခန်းထဲမှာရှောင်ပြီးပုန်းနေကြတယ်။Kenကတစ်ယောက်ယောက်နှင့်တွေ့ဖို့
ထွက်သွားဖို့လုပ်နေတုန်းSharonကသူ့လက်ကိုဆွဲထားပြီးဝမ်းနည်းနေတဲ့မျက်လုံးတွေနှင့်ကြည့်လိုက်တယ်။

"အဖေ၊ဘယ်သွားမလို့လဲ?"

Sharonလက်ကိုတဖြည်းဖြည်းလွှတ်ချလိုက်ရင်း

"Sharon၊အဖေပြန်လာခဲ့မယ်။သမီးဒီမှာပဲနေနော်။"

သူပြုံးပြပြီးထွက်သွားတယ်။

"အဖေ!မသွားနဲ့လေ!"

ခဏအကြာမှာသေနတ်သံတစ်ချက်ကြားလိုက်ရပြီးတစ်ခန်းလုံးတိတ်ဆိတ်သွားတယ်။Sharonကသူမအဖေကိုစိတ်ပူသွားပြီးမြေအောက်ခန်းကနေထွက်သွားတယ်။

ရုံးခန်းဆီသွားတဲ့အခါသူမအဖေကရင်ဘတ်မှာသေနတ်ဒဏ်ရာနှင့်လဲနေတာကိုသူမတွေ့သွားတယ်။
သူမKenနားလာပြီး

"အဖေ!"

"Sharon....Skate-shotတည်မြဲဖို့.....သမီးကြိုးစားရမယ်နော်....."

"ဟုတ်ကဲ့....အဖေ...." *Crying*

အဲဒီဒဏ်ရာနှင့်သူမမျက်စိရှေ့မှာဆုံးပါးသွားတယ်။

သူမရဲ့ဖခင်ဆုံးပါးပြီး၅နှစ်လောက်အကြာမှာတော့
SharonကSkate-shotရဲ့CEOဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းကSharonကအသက်၂၁နှစ်ပဲရှိပါသေးတယ်။

-

နောက်ထပ်၅နှစ်ကြာပြီးနောက်
Present.....

အထက်တန်းကျောင်းတစ်ကျောင်းမှာ
Hamada Harumiဆိုတဲ့ကောင်မလေးတစ်ယောက်ကစာလုပ်ရင်းအိပ်ငိုက်နေတဲ့အချိန်သူမ
ဘေးနားကမိန်းကလေးတစ်ယောက်က

"Harumi....Harumiထတော့....."

Harumiကိုနှိုးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်ဘာမှမတုံ့ပြန်တာကြောင့်ခဲဖျက်နှင့်သူမခေါင်းကိုချိန်ပြီးပစ်လိုက်တယ်။ခဲဖျက်နှင့်အပေါက်ခံလိုက်ရတဲ့
Harumiကပြန်နှိုးလာပြီး

Skate-shot (スケート.ショット)Where stories live. Discover now