Episode 25 [ကျောင်းသူတွေရဲ့လေ့လာရေးခရီး,သွေးပျက်ဖွယ်လူသတ်မှု]

13 1 0
                                    

နေ့လည်ဘက်ကျောင်းထဲမှာ

"ဆရာမတို့တွေမနက်ဖြန်တောင်ပေါ်အပန်းဖြေစခန်းကိုလေ့လာရေးခရီးထွက်ရမယ်။"

ခရီးသွားရမယ်ဆိုတော့ကျောင်းသူတွေလည်းပျော်နေကြတယ်။

"၂ညအိပ်၃ရက်ခရီး၊အဆင်မပြေဘူးဆိုတဲ့သူတွေအခုကတည်းကကြိုပြောထားပါ။"

ကျောင်းဆင်းချိန်အိမ်ပြန်လမ်းမှာ

Harumi- "နင်တို့ရော?မနက်ဖြန်လေ့လာရေးခရီးသွားမှာလား?"

Asuka- "သွားမှာပေါ့....."

Kotoha- "ငါလည်းသွားမှာ။ငါ့ဘဝမှာတစ်ခါမှလေ့လာရေးခရီးမထွက်ဖူးဘူး။ငါ့အစ်မကအလုပ်ရှုပ်နေတာနဲ့ဘာနဲ့ဆိုတော့....."

Rainbow Cafè
Harumiကသူမတို့ကျောင်းလေ့လာရေးခရီးအကြောင်းHirokiကိုပြောပြလိုက်တယ်။

Hiroki- "ညီမတို့ကဘယ်အချိန်သွားမှာလဲ?"

Harumi- "မနက်ဖြန်....."

"အစ်ကိုတို့တုန်းကလေ့လာရေးခရီးထွက်တာပျော်ဖို့ကောင်းပါတယ်။ဒါပေမယ့်....အဲဒီအချိန်တုန်းက
Yurikoမရှိတော့....အစ်ကိုတို့မပျော်ခဲ့ရဘူး။"

"Oh...."

"ဘာပဲဖြစ်ဖြစ်၊မနက်ဖြန်အတွက်သေချာပြင်ဆင်ထား။စောစောအိပ်။ခရီးဆောင်အိတ်နဲ့လွယ်အိတ်မှာပစ္စည်းတွေမကျန်ခဲ့စေနဲ့။ဟုတ်ပြီလား?"

"ဟုတ်ကဲ့။"

-

Kobayashiအိမ်မှာ

Mizuki- "Goblin Fountainတွေကတကယ်အလုပ်ဖြစ်ရဲ့လား?အားပြန်ပျော့သွားတာမျိုးမဖြစ်ပါဘူးနော်။"

Daisuke- "ဘာမှမဖြစ်ပါဘူး။အဖေတို့နှင့်The Wreckerအရင်တုန်းကဖန်တီးထားတဲ့Fountain
တွေလေ။အဲဒီFountainကိုသုံးပြီးတာနဲ့သူ့ရဲ့စွမ်းအားကလူတွေရဲ့နှလုံးသားနဲ့ဦးနှောက်ထဲမှာရှိနေတာ။Fountainကိုလည်းဘယ်သူမှဖျက်ဆီးပစ်လို့မရဘူး။"

Hanakoကသူတို့၂ယောက်ပြောနေတာကိုခိုးနားထောင်နေတယ်။

"အဲဒါဆို.....ငါ့ရဲ့စွမ်းအားကိုဘယ်သူမှဖျက်ဆီးပစ်လို့မရဘူးပေါ့....."

Harumiတို့ကျောင်းသူအုပ်စုကလေ့လာရေးခရီးစဥ်နေရာတောင်ပေါ်အပန်းဖြေစခန်းတစ်ခုကိုရောက်သွားပါပြီ။ပိတ်ရက်ဖြစ်နေတာကြောင့်လူတွေအများကြီးစည်ကားနေပါတယ်။

Skate-shot (スケート.ショット)Onde histórias criam vida. Descubra agora