Episode 6 [အဖေချစ်သမီးလေး,ပန်ဒါဝက်ဝံရဲ့ရန်စွယ်]

27 3 0
                                    

အကျဥ်းထောင်ကဧည့်တွေ့ခန်းမှာ
RinaကHikaruနှင့်ဒုတိယအကြိမ်သွားတွေ့ပြန်တယ်။

"Rina၊နင်ပြန်ရောက်လာတယ်နော်။ဘာဖြစ်လာပြန်ပြီလဲ?"

"Skate-shotကတစ်နေ့ပြီးတစ်နေ့သမီးဖန်တီးခဲ့တဲ့
Goblinတွေကိုဖျက်ဆီးနေတယ်။သူတို့ကိုဘယ်လောက်ပဲရပ်တန့်အောင်လုပ်လုပ်၊အဆင်မပြေဘူး။"

"အချိန်တန်ရင်.....အမေသမီးဆီကိုအမြန်ဆုံးပြန်လာခဲ့မယ်။"

Haya Police Department

Aoyama Natsuလို့ခေါ်တဲ့အမှုစစ်ရဲမေကသူမအလုပ်ခန်းထဲမှာတစ်ယောက်တည်းကော်ဖီသောက်နေရင်းThe Wreckerရဲ့အကြောင်းတွေ၊caseတွေကိုHikaruပုံ၊Rinaငယ်ငယ်တုန်းကပုံနှင့်ကျန်တဲ့
The Wreckerအဖွဲ့သား၂ယောက်ရဲ့ပုံကပ်ထားတဲ့
Boardကိုသေချာကြည့်နေတယ်။

အဲဒီအချိန်သူမရဲ့လက်ထောက်ဖြစ်တဲ့Ito Osukeကအခန်းထဲကိုစာရွက်စာတမ်းတွေကိုင်ပြီးဝင်လာတယ်။

"Aoyama-san၊ဒီမှာခင်ဗျားရှာနေတဲ့ကောင်မလေးတစ်ယောက်ရဲ့မှတ်တမ်းစာရွက်ပါ။လူဝင်မှုကြီးကြပ်
ရေးရုံးကနေရလာတာပါ။"

သူမယူပြီးဖတ်ကြည့်လိုက်တယ်။

"ငါရှာနေတာသူပဲ။သူကငါလိုက်နေတဲ့အမှုတွေကိုဖျက်သွားတာ။"

"ခင်ဗျားဘယ်လိုလုပ်မှာလဲ?"

"ကျွန်မဖြေရှင်းလိုက်မယ်။"

သူမဖတ်နေတဲ့fileကHamada Harumiရဲ့ကိုယ်ရေးရာဇဝင်မှတ်တမ်းတွေပါ။

-

စကိတ်ဘုတ်စီးပြီးအိမ်ပြန်နေတဲ့Harumiက
လမ်းဘေးပလက်ဖောင်းမှာလက်ကမ်းစာစောင်လိုက်ဝေနေတဲ့ကလေးမလေးတစ်ယောက်ကိုသူမတွေ့လိုက်တယ်။

"သမီးအဖေကိုကူရှာပေးပါနော်။ဦးလေး၊သမီးအဖေကိုကူရှာပေးပါနော်။"

Public areaဆိုတော့တချို့ကစာရွက်ယူသွားကြသလိုတချို့ကမယူချင်ဘဲမသိချင်ယောင်ဆောင်ပြီးဆက်သွားကြတယ်။Harumiကအဲဒီကလေးဆီအရင်သွားတယ်။

"ညီမလေး...."

သူမလှည့်ကြည့်ပြီးလက်ကမ်းစာစောင်ကိုအရင်ပေးလိုက်တယ်။

"အစ်မ....ညီမအဖေကိုကူရှာပေးပါနော်။"

သူမလည်းကလေးမလေးကိုသနားမိသွားတယ်။

Skate-shot (スケート.ショット)Where stories live. Discover now