Episode 12 [ကျောင်းထဲကPopular Girl,မနာလိုမှုနှင့်စွဲလမ်းမှု]

11 1 0
                                    

မနက်ပိုင်းRainbow Cafèမှာ
Harumiကကျောင်းဝတ်စုံနှင့်အောက်ဆင်းလာရင်း

Hiroki- "Ohayo!"

Harumi- "Ohayo...."

သူမတို့ဆိုင်မှာမနက်စာလာစားတဲ့Asukaနှင့်
Kotohaကိုတွေ့လိုက်ရတယ်။

"Asuka၊Kotoha...."

HirokiကHarumiအတွက်sandwichချပေး
လိုက်တယ်။

"သူတို့၂ယောက်ကအစ်ကိုတို့ဆိုင်မှာမနက်စာလာစားမယ်ဆိုလို့ရောက်လာတာ။"

HarumiကKotohaဘေးမှာထိုင်ပြီး
sandwichကိုတစ်ကိုက်ကိုက်လိုက်တယ်။
KotohaကHarumiနားကိုတိုးတိုးပြောပြလိုက်တယ်။

"Asukaကနင့်အစ်ကိုကိုဆပ်ကပ်ပွဲမှာကတည်းကသဘောကျနေတာ။နင်တို့ဆိုင်ဖွင့်ထားတယ်ဆိုတာကိုသိတော့ညတုန်းကငါ့ဆီကိုဖုန်းဆက်နေတာ။"

"Eh?"

Asukaကသူမအကြောင်းအတင်းတုပ်နေတဲ့
Kotohaကိုစိုက်ကြည့်နေတယ်။ကျန်တဲ့၂ယောက်ကမသိသလိုပြန်နေပြီးsandwichကိုထပ်ကိုက်လိုက်တယ်။

လမ်းမှာခပ်ချောချောမိန်းကလေးတစ်ယောက်ကျောင်းသွားတဲ့အချိန်လိုက်ကာတွေကာထားတဲ့အိမ်တစ်အိမ်ကကောင်လေးတစ်ယောက်က
cameraတစ်လုံးထောင်ထားတယ်။အဲဒီမိန်းကလေးသူ့အိမ်ရှေ့ကိုဖြတ်သွားသွားချင်းမှာပဲဓါတ်ပုံ၄ပုံလောက်ဆက်တိုက်ရိုက်လိုက်တယ်။ကောင်လေးကအဲဒီမိန်းကလေးကိုကြိတ်ကြွေနေတဲ့ပုံပါပဲ။

"ရပြီ....."

သူcameraကိုပြန်သိမ်းလိုက်တယ်။သူ့အခန်းနံရံမှာသူအရင်ကခိုးရိုက်ခဲ့တဲ့တခြားမိန်းကလေးတွေရဲ့ဓါတ်ပုံတွေကပ်ထားပါတယ်။

"မင်းဘယ်မှာနေလဲ၊မင်းဘာလုပ်လဲဆိုတာငါသိပ်သိချင်တယ်....."

-

The Wreckerစခန်းမှာ
Hajimeက

"Rina-san၊Wrecker Braceletပျက်သွားတဲ့ကိစ္စကိုHikaru-sanဆီပြောလို့ဖြစ်ပါ့မလား?"

"ပြောမှဖြစ်မှာ။မဟုတ်ရင်Skateကြောင့်ငါတို့
၂ယောက်လုံးဒုက္ခရောက်ရလိမ့်မယ်!"

Rinaစဥ်းစားမိသွားတာက

"အမေကWrecker Driverကိုသိမ်းထားတယ်လို့ပြောဖူးတယ်။"

"ဘယ်လို?"

"ဘယ်မှာသိမ်းထားလဲတော့မသိပေမယ့်....အမေ့ကိုသွားမေးကြည့်မှဖြစ်မယ်။"

Skate-shot (スケート.ショット)Where stories live. Discover now