Episode 18 [ကလေးဘဝရဲ့စိတ်ဒဏ်ရာ,Wreckerပြန်လာပြီ!]

22 2 0
                                    

ပြီးခဲ့တဲ့အပိုင်း

Natsuနှင့်AsukaကHarumiကိုယ်ထဲကSpiritကိုသိချင်နေတာကြောင့်Harumiကိုလိုက်မေးနေရင်းကနေPhoenixရောက်လာတဲ့အချိန်မှာတော့အခြေအနေကပိုဆိုးသွားခဲ့ပါတယ်။

RinaကThe Wreckerကနေထွက်ပြေးခဲ့ပေမယ့်
Hikaruကသူမကိုထိန်းချုပ်ထားပြန်ပါတယ်။

PhoenixကHarumiလက်ထဲကFountainကိုမီးရှို့နေတာကိုတားပြီးThe Wreckerကိုချေမှုန်းဖို့သူတို့၂ယောက်ဆုံးဖြတ်ခဲ့ကြပါတယ်။

SharonကSkate-shotဥက္ကဌဟောင်းသူမရဲ့ဖခင်Kenရဲ့Skate Driverနှင့်Rider Fountain
ရသွားတဲ့အခါCity Rider Aceအဖြစ်အသွင်ပြောင်းပြီးFlashနှင့်အတူKiller Goblinကိုတိုက်ခိုက်နိုင်ခဲ့တယ်။တစ်ဆက်တည်းမှာပဲ
Skateနှင့်Turboတို့Ryujiကိုအပြတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

-

Rainbow Cafèမှာ
Natsuကကော်ဖီခွက်ကိုစားပွဲပေါ်ချထားရင်း

Natsu- "OsukeကGoblinရဲ့အဆိပ်မိထားလို့သတိမေ့တာကနေ....ပြန်ကောင်းသွားတာကိုတော်တော်အံ့ဩတယ်။"

Asuka- "အခုသူရော?"

Natsu- "အိမ်မှာအနားယူနေတယ်။"

Harumiကသူတို့အုပ်စုထဲမှာစကားလည်းမပြော၊ငြိမ်လည်းငြိမ်နေတယ်။
ခဏအကြာမှာPhoenixငှက်အော်သံစူးစူးကြီးက
သူတို့ကိုနားအူသွားအောင်လုပ်နေသလိုပါပဲ။

Natsu- "Eww!"

Asuka- "ဒီအသံက....."

"ဒီမှာလူစုံတက်စုံရောက်နေကြတာကိုး....."

Phoenixကသူတို့ရှေ့မှာကိုယ်ထင်ပြလိုက်တယ်။
Hiroki၊Natsuနှင့်Asukaတို့ကPhoenixကို
ပထမဆုံးမြင်ဖူးနေပါတယ်။HirokiကPhoenixကိုတစ်နေရာရာမှာမြင်ဖူးနေသလိုခံစားမိနေတယ်။

Harumi- "Phoenix!"

Natsu- "နင်ကPhoenix?"

Phoenix- "ငါကPhoenixလေ။Harumiအသက်ကိုကယ်ခဲ့တဲ့သူပေါ့။"

Hirokiကကြားသွားတော့

Hiroki- "Harumiအသက်ကိုကယ်ခဲ့တဲ့သူ?"

-

Hirokiရှေ့မှာHarumiပြောပြလို့မရတဲ့ကိစ္စတွေအားလုံးPhoenixပြောမှအကုန်သိသွားပါတော့တယ်။

Phoenix- "HarumiကChristmasတုန်းက
Killer Poisonကြောင့်သေခါနီးဖြစ်နေတာလေ။
အဲဒါကြောင့်ငါကသူ့ဆီအမြန်ဆုံးလာပြီးအဆိပ်ပြယ်အောင်လုပ်ပေးလိုက်တာ။"

Skate-shot (スケート.ショット)Where stories live. Discover now