Episode 11 [လူပြက်သူငယ်ချင်း၂ယောက်,Rush in Dash!]

20 1 0
                                    

သေနတ်ကိုလှည့်ပြီးဘေးကholderထဲကိုထည့်လိုက်တဲ့အခါခဲရောင်ကိုယ်ထည်အရင်ပေါ်လာပြီးသူမပစ်လိုက်တဲ့ကျည်ဆန်ကအပြာရင့်ရောင်ချပ်ဝတ်တွေတပ်လိုက်တယ်။

"Flash!Rush in Dash!"

T.Skateလည်းအံ့ဩသွားသလိုSkate-shotဘက်မှာရော၊The Wreckerမှာရောကြည့်နေတဲ့သူတွေအကုန်အံ့ဩသွားတယ်။

"ငါက....City Rider Flash!!!"

T.Skate- "Flash?"

Clownလည်း

"ငါ့အစီအစဥ်ကိုဖျက်ဆီးတဲ့သူတွေသေပေတော့!!!!"

သူစိတ်ဆိုးပြီးFlashကိုတိုက်ခိုက်ဖို့ပြေးလာတယ်။
FlashကT.Skateဘက်ကိုလှည့်ကြည့်ပြီး

Flash- "Harumi!နင်လည်းဝင်ကူလေ!"

T.Skate- "ဟုတ်ကဲ့!"

FlashကFlash Magnumကိုဆွဲထုတ်၊T.Skateလည်းCrossbowနှင့်ချိန်ပြီးFlashဆီကိုပြေးလာတဲ့Clown Goblinကိုဝိုင်းပစ်ကြတယ်။
Clownရောက်လာခါနီးအချိန်မှာFlashကလေထက်မြန်တဲ့အပြေးနှုန်းနှင့်ပြေးလိုက်တယ်။
T.SkateကFlashရဲ့အမြန်နှုန်းကိုအံ့ဩသွားတယ်။

"ပြေးတာမြန်လိုက်တာ....."

Clown GoblinကFlashရဲ့အမြန်နှုန်းကြောင့်သူမကိုမတွေ့တော့

"Huh?!ဘယ်ရောက်သွားတာလဲ?"

Flashကသူ့အနောက်မှာရှိနေတဲ့အချိန်Clownကို
High kickနှင့်တစ်ချက်တည်းကန်လိုက်တယ်။
သူမကန်ချက်ကြောင့်Clown Goblinကနေလူပြက်ဝတ်စုံနှင့်လူကြီးတစ်ယောက်ဖြစ်သွားတယ်။
သူကအရင်ရက်တုန်းကဆပ်ကပ်ပွဲမှာBim Bamနေရာကိုလူစားလဲပြီးဖျော်ဖြေထားတဲ့သူပါ။
Goblin Fountainကအစိတ်စိတ်အမွှာမွှာပျက်စီးသွားတာမရှိပါဘူး။ခဏအကြာမှာလှောင်အိမ်ထဲကတချို့လူတွေသတိပြန်ရလာတယ်။Hirokiနှင့်
Kotohaအပြင်တချို့လူတွေကလွဲပြီးကျန်တဲ့သူတွေနိုးလာကြတယ်။Jiroနှင့်TadashiကHirokiနှင့်
Kotohaတို့နှင့်လှောင်အိမ်တစ်ခုတည်းပိတ်လှောင်ခံထားရတော့

Jiro- "ငါဘယ်ရောက်နေတာလဲ...."

Tadashi- "တစ်ယောက်လောက်ကူပေးကြပါဦး။"

Natsuနှင့်Harumiတို့Henshin deviceကိုယ်စီဖြုတ်ထားလိုက်ကြတယ်။
Harumiကပြန်ပေးဆွဲထားတဲ့သူတွေကိုပိတ်ထားတဲ့လှောင်အိမ်မှာချည်ထားတဲ့ကြိုးကိုအောက်ဆွဲချလိုက်တယ်။လှောင်အိမ်၄ခုလုံးကိုအောက်ချပေးလိုက်တယ်။အောက်ချချချင်းသတိပြန်ရတဲ့သူတွေထွက်လာကြပြီးအဲဒီထဲမှာTadashiနှင့်Jiroတို့လည်းပါပါတယ်။Hirokiနှင့်Kotohaကတော့Harumiတို့ဘယ်လောက်ပဲနှိုးနှိုး၊သတိမရသေးလို့သူမလည်းစိတ်ပူသွားတယ်။

Skate-shot (スケート.ショット)Where stories live. Discover now