Episode 2 [အေးခဲနေတဲ့မကောင်းဆိုးဝါး၊Burn it up!]

35 2 0
                                    

ပြီးခဲ့တဲ့အပိုင်း

အထက်တန်းကျောင်းသူလေးHamada
HarumiကSkate-shotကိုလိပ်စာကတ်နှင့်ရောက်လာပြီးမထင်မှတ်ဘဲTakahashi Sharon
နှင့်တွေ့ဆုံခဲ့ပါတယ်။
SharonကHarumiကိုSkate-shotရဲ့လုံခြုံရေးအတွက်တာဝန်ပေးလိုက်ပါတော့တယ်။
The Wreckerရဲ့ခေါင်းဆောင်Sasaki Rina
ကိုယ်တိုင်ဖန်တီးခဲ့တဲ့GoblinကိုHarumiက
City Rider Skateအဖြစ်ပြောင်းလိုက်ပြီးအနိုင်တိုက်နိုင်ခဲ့ပါတယ်။
RinaကSkateအပေါ်ဘာတွေကြံစည်ဦးမှာလဲ?
Harumiကရော?သူမရဲ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား?

-

The Wreckerရဲ့စခန်းထဲမှာ
City Rider Skateကဘယ်သူလဲဆိုတာ
Rinaသိသွားတဲ့အခါ

"Hamada...Harumi?အဲဒီမိန်းကလေးဆိုတာသေချာလား?"

"သေချာတာပေါ့၊Rina-san။"

"သူ့ရဲ့အားနည်းချက်ကိုရှာပြီးရှင်းပစ်မယ်လေ....တွေ့ကြသေးတာပေါ့....Harumi...."

Skate-shotမှာ
SharonကTabletထဲကဗီဒီယိုတစ်ခုကိုပြလိုက်တယ်။အဲဒီဗီဒီယိုကတခြားရုံးခန်းတစ်ခုက
CCTVမှတ်တမ်းတစ်ခုပါ။ဗီဒီယိုထဲမှာရေခဲလိုမကောင်းဆိုးဝါးတစ်ကောင်ကလူ၂ယောက်ကိုလိုက်တိုက်ခိုက်နေပြီးသူတို့ကိုရေခဲဖြစ်အောင်လုပ်လိုက်တယ်။Harumiရှော့ခ်ရသွားပြီးဗီဒီယိုကိုခဏရပ်လိုက်တယ်။

"နေဦး!ရေခဲအောင်လုပ်လိုက်တာလား?"

"ဒီကိစ္စကိုအဲဒီရုံးမှာထိုင်နေတဲ့managerကြီးဆီကသိရတာ။နောက်ဆက်တွဲကို....နင်စုံစမ်းပေးရမယ်။"

"ရှင်?"

"အဲဒီရေခဲကောင်ကဘယ်သူလဲဆိုတာနင်လည်းသိချင်တယ်မလား?"

"သိ....သိချင်ပါတယ်။"

-

အခင်းဖြစ်ပွားခဲ့တဲ့ကုမ္ပဏီရဲ့မန်နေဂျာရုံးခန်းထဲမှာHarumiကမန်နေဂျာကိုဗီဒီယိုဖိုင်ပြလိုက်တယ်။

"အဲဒီဗီဒီယိုထဲမှာပါတဲ့ရေခဲအကောင်ကဘယ်လိုပေါ်လာလဲ?"

"ကျွန်တော်လည်းမသိဘူး။ရုံးထဲမှာဆူညံနေတယ်ဆိုလို့တံခါးဖွင့်လိုက်တာ.....ခုနကအတိုင်းဖြစ်နေတာပဲ။"

"ပြီးတော့ဘာဆက်ဖြစ်သေးလဲ?"

"အဲဒီရေခဲလိုလိုအကောင်ကရုံးထဲကဝန်ထမ်း
၂ယောက်ကိုရေခဲအောင်လုပ်လိုက်ပြီးပြတင်းပေါက်က​နေ​ခုန်ချသွားတယ်။အဲဒီနောက်ပိုင်းသူ့ကိုမတွေ့ရတော့ဘူး။"

Skate-shot (スケート.ショット)Donde viven las historias. Descúbrelo ahora