Episode 9 [အချစ်ကြီးသူအားလက်တုံ့ပြန်ခြင်း,Rumble Bolt!]

19 3 0
                                    

"Henshin!"

အသွင်ပြောင်းတဲ့အချိန်ထွက်လာတဲ့အဝါရောင်နှင့်အဖြူရောင်လျှပ်စီးမိုးကြိုးတွေကလင်းနို့အုပ်တွေပျောက်ကွယ်သွားအောင်လုပ်လိုက်တယ်။

လျှပ်စီးတွေကိုလက်နှင့်ဖယ်ချလိုက်တဲ့အခါ
အဝါရောင်သံချပ်ကာအရောင်တောက်တောက်နှင့်
Lightning Skateထွက်လာတယ်။
L.Skateကသူမရဲ့Weaponဖြစ်တဲ့လျှပ်စီးတွေနှင့်
အရောင်တောက်နေတဲ့Lightning Whipကိုကိုင်ထားလိုက်တယ်။

BatကGhostကိုလှည့်ကြည့်ပြီး

"သူ့Rider Fountainကိုဖျက်ဆီးပစ်!"

"ဟုတ်ကဲ့...."

Batရဲ့အမိန့်အတိုင်းL.SkateဆီကRider Fountainလုဖို့အောက်ခုန်ဆင်းပြီးတိုက်ခိုက်ပါတော့တယ်။L.Skateကနောက်ပြန်ကျွမ်းထိုးလိုက်ပြီးlightning whipအရှည်နှင့်အဝေးကနေရိုက်ချလိုက်တယ်။နောက်တစ်ချက်ထပ်ရိုက်လိုက်တဲ့အခါ
Ghostကသူမလက်ကကြာပွတ်ကိုမြဲမြဲကိုင်ထားလိုက်ပြီး

"Huh?"

ဘေးဘက်ကိုပစ်ချလိုက်တယ်။ပြီးတော့သူမရှေ့ကိုဖြည်းဖြည်းချင်းလျှောက်လာတယ်။လက်ဗလာနှင့်
ဖြစ်နေတဲ့L.Skateက

"တော်တော်ဆိုးတာပဲ...."

Ghostသူမကိုလက်သည်းနှင့်နောက်တစ်ကြိမ်ကုတ်သတ်ဖို့လုပ်နေတုန်းကသူမလက်ပတ်တွေနှင့်
Ghostလက်ကိုပြန်ကာလိုက်တယ်။အဲဒီလက်ပတ်ကြောင့်သူ့ဘက်ကကျဥ်သလိုဖြစ်သွားလို့နောက်ပြန်ဆုတ်လိုက်ရတယ်။
သူမကိုယ်သူမလည်းအံ့ဩသွားတယ်။

"ငါ့လက်မှာလည်း....စွမ်းအားရှိနေတာလား?"

GhostကBatကိုကြည့်ပြီး

"ကျွန်မဘာဆက်လုပ်ရမလဲ?သူ့စွမ်းအားကပိုဆိုးနေတယ်!"

"ငါပဲရှင်းလိုက်မယ်....."

Batကလင်းနို့အုပ်တွေလွှတ်ဖို့လုပ်နေတဲ့အချိန်မှာ

"ရပ်လိုက်!"

Natsuကကားပေါ်ကနေဆင်းလာပြီးသေနတ်တစ်လက်နှင့်၃ချက်ဆက်တိုက်ပစ်လိုက်တယ်။
Ghostရော၊Batရောသေနတ်သံကြောင့်လန်သွားကြပြီးBatကခြေထောက်မှာသေနတ်တစ်ချက်ထိသွားတယ်။

L.SkateကNatsuကိုတွေ့တော့ဝမ်းသာတဲ့အသံနှင့်

"Natsu-san....."

Skate-shot (スケート.ショット)Where stories live. Discover now