ကုယွင်ကတော့ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ ချင်းညီအစ်မ သုံးယောက်က အဲ့လောက်တောင် သန်မာကြတာလား။ ပြဿနာက သူမက တရုတ်စစ်တုရင်ကစားနည်းတွင် စတင်သူ အဆင့်သာ ရှိသေးပြီး စုရန်နှင့် စစ်တုရင်ကစားခြင်းက သူမ၏အထောက်အထားကို ဖော်ထုတ်ပြလိုက်သလို ဖြစ်သွားနိုင်သည်။ စုရန်က ထက်မြက်သူတစ်ဦးဖြစ်သောကြောင့် သူမက ထိုစွန့်စားမှုကို မပြုလုပ်ချင်သေးပေ။

ကုယွင်က သူမစိတ်ထဲတွင် တန်ပြန်အစီအမံများကို လျင်မြန်စွာတွေးနေခဲ့သည်။ ကုယွင်က စစ်တုရင်ခုံကို စိုက်ကြည့်နေရင်း ရုတ်တရက် ပျော်ရွှင်သွားသလို ခံစားလိုက်ရသည်။ သူမက တရုတ်စစ်တုရင်ကစားနည်းတွင် ညံဖျင်းသော်လည်း အခြားစစ်တုရင်ပုံစံကွဲများတွင် ပြိုင်ဘက် မရှိပေ။

ကုယွင်က အဖြူရောင်စစ်တုရင်တုံးလေးတစ်ခုကို အသာအယာကောက်ကိုင်လိုက်ပြီး "ဒီကစားနည်းက အရမ်းကို ရိုးနေပြီ။ ကျွန်မ ပျင်းလွန်းလို့ မကစားတာတောင် ကြာလှပြီ။ ရှင် ကစားချင်ရင် အသစ်တစ်ခုကစားမယ်။ ကျွန်မ မကြာခဏ ကစားတဲ့နည်းက ရိုးရှင်းတယ်၊ တစ်ပွဲတစ်ပွဲကို အချိန်လည်း သိပ်မကြာဘူး၊ ဒါပေမယ့် အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး အနိုင်ရဖို့ မလွယ်ကူဘူး"

ကစားနည်းအသစ်လား??? စုရန်က ပိုတက်ကြွလာပြီး "ဘယ်လို ကစားရမှာလဲ?"

ကုယွင်က စစ်တုရင်ခုံပေါ်ရှိ အဖြူအမည်းအပိုင်းအစများကို သေတ္တာများထဲသို့ အသီးသီး ပြန်ထည့်ရန် လက်တစ်ဖက်က စစ်တုရင်ခုံပေါ်ရှိ အနက်ရောင်စစ်တုရင်အပိုင်းအစများကို ကေက်ကိုင်လိုက်ပြီး ကျန်တစ်ဖက်က အဖြူရောင်အပိုင်းအစများကို ကောက်ယူနေကာ အလုပ်များနေခဲ့သည်။ သူမက ထိုကဲ့သို့ ပြုလုပ်နေရင်း ကစားပွဲ၏စည်းမျဉ်း ရှင်းပြနေသည်။ "ဒါကို ဒီစစ်တုရင်ခုံမှာပဲ ကစားလို့ရတယ်။ အဖြူအမည်းအပိုင်းအစတွေကို စစ်တုရင်ခုံရဲ့လိုင်းတွေဆုံတဲ့နေရာမှာ နေရာချပြီး လူနှစ်ယောက်ကစားနိုင်လို့ရတယ်။ သုံးယောက်လဲ ကစားလို့ရတယ်။ ဒါပေမယ့် အခု အဖြူအမည်းစစ်တုရင်တုံးတွေပဲရှိတော့ လူနှစ်ယောက်ပဲ ကစားနိုင်မယ်။ တစ်ဖက်စီမှာ အရောင်တစ်ရောင်ထားပြီး အလှည့်ကျကစားနိုင်တယ်။ ကိုယ့်အလှည့်ရောက်ရင် အရောင်တူစစ်တုရင်အပိုင်းအစတွေကို အလျားလိုက်၊ ဒေါင်လိုက် ဒါမှမဟုတ် ထောင့်ဖြတ်စစ်တုရင်တုံး ငါးခုတန်းနေအောင်ရွှေ့ရမယ်။ အရောင်တူစစ်တုရင်အပိုင်းအစတွေကို အနှောင့်အယှက် ကင်းကင်းနဲ့ အတန်းလိုက် ငါးခုအရင်ချိတ်ဆက်နိုင်တဲ့သူက အနိုင်ရမယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now