"နောက်တစ်ခုကတော့ အရွတ်လေ့ကျင့်မှုပဲ၊ ပထမဆုံးအဆင့်က Split ပဲ!" ကုယွင်က သူ့ခြေထောက်တွေကို ညွှန်ပြလိုက်ပြီး "ခြေထောက်တွေကို ရှေ့နဲ့နောက်ကို ခွဲထား၊ အလယ်ကို အားပြုပြီး အောက်ကိုရောက်တဲ့အချိန်အထိ ထိုင်ချ"

(ခြေနှစ်ဖက်ကို ကြမ်းပြင်နှင့် အလျားလိုက် ထိသည်အထိ ကားရား ခွ၍ မတ်မတ်ထိုင်ချလိုက်သော အနေအထား)

ကောင်လေးက ခဏလောက် ကြောင်တောင်တောင်ဖြစ်နေပြီးမှ သူ့ခြေထောက်တွေကို အမြန်ဖြန့်ကားလိုက်သည်။

ဒါကို Splitလို့ ခေါ်တယ်လား?? ကုယွင်က သူမလက်ကို လှုပ်နေရင်း "အောက်ကို လျောဆင်း၊ မင်းရဲ့လက်တွေကို မြေကြီးပေါ်မှာရောက်အောင် တန်းထား၊ မင်းရဲ့အပေါ်ပိုင်းကို မကွေးထားနဲ့၊ မင်းနောက်ကျောကို တည့်တည့်မတ်မတ်ဖြစ်အောင်ကြိုးစား"

လက်တွေက မြေကြီးပေါ်ကို ရောက်ရမှာလား? ကောင်လေးက သူ့ခြေထောက်တွေကို ခက်ခက်ခဲခဲ ဖြန့်ကားနေပြီး နောက်ကျောကိုလည်း လုံးဝ မကိုင်းရဲပေ၊ နောက်ဆုံး သူ့လက်ချောင်းတွေ မြေပြင်ကို ထိသွားချိန်မှာ ခြေထောက်တွေက ကြွက်တက်လာသလို ခံစားရနေရတော့သည်။

"ဆက်လုပ်" ကုယွင်က စိတ်မရှည်တော့ပေ၊ ဒါက ဘယ်လို အချိန်နေမျိုးလဲ? မြေပြင်ရောက်ဖို့ လီတစ်ရာလောက် လိုနေသေးတယ်ဟ!

တကယ်တော့ သူမက သူတို့ကို လှည့်စားဖို့ ဒီကောင်လေးကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ သူက သူတို့အထဲမှာ အငယ်ဆုံးဖြစ်ပုံရတာကြောင့် သူ့အရွတ်တွေက အပျော့ပျောင်းဆုံး ဖြစ်နေနိုင်ပြီး တခြားတပ်သားတွေ ပိုနားလည်လာအောင် သရုပ်ပြခိုင်းခြင်း ဖြစ်သည်။ သူက အရမ်း အသုံးမကျဘူးဆိုတာ ဘယ်သူက သိမှာလဲ?

ဆက်ဆင်းရဦးမှာလား?? ကောင်လေးက သူ့ရဲ့ခြေထောက်တွေကို ထပ်‌လျော့လိုက်တဲ့အခါ သူ တကယ်ပဲ ကြွက်တက်သွားခဲ့သည်။ ဒါပေမယ့် ကုယွင်ရဲ့ စူးစူးရှရှအကြည့်အောက်မှာ ကောင်လေးက ပြင်းပြင်းထန်ထန် ကြိုးစားနေပြီး နောက်ဆုံးမှာတော့ သူ့လက်ဖဝါးတွေကို မြေပြင်ဆီကို ရောက်သွားခဲ့သည်။ သူက နာကျင်လို့ ငိုလုနီးပါးဖြစ်နေပြီး "တကယ် မလုပ်နိုင်တော့ဘူး! ငါ ဆက်မဆင်းနိုင်တော့ဘူး! "

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now