"ဟုတ်ကဲ့" တပ်သားကက မဆိုင်းမတွ ရှေ့ကို လှမ်းထွက်လာခဲ့သည်။

ကုယွင်က ခိုင်ခံ့သော စပျစ်နွယ်ပင်တစ်ပင်ကို ရှာလိုက်ပြီးနောက် "စပျစ်နွယ်ကို ဆွဲပြီး အပေါ်ကိုတက်"

"ဟုတ်ကဲ့"

တပ်သားလေးက ခပ်ပြင်းပြင်းတစ်ချက်ခုန်ပြီး စပျစ်နွယ်ပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ မလှုပ်မယှက် ချိတ်ဆွဲနေလိုက်သည်။

ကုယွင်က သူ့ဘေးမှာ ရပ်နေပြီး တစ်ဆင့်ချင်း သင်ပေးနေသည်။ "အခု မင်းရဲ့ တံတောင်ဆစ်တွေကို ဖြည်းဖြည်းလေး ကွေးပြီး မင်းရဲ့ မေးစေ့က သစ်ကိုင်းရဲ့ အမြင့်နေရာကို ရောက်တဲ့အထိ မင်းရဲ့ ခန္ဓာကိုယ်ကို အပေါ်ကို ဆွဲတင်။ ပြီးရင် မင်း လက်တွေကို ပြန်ဆန့်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အရင်အနေအထားအတိုင်း ပြန်နိမ့်လိုက်၊ အဲ့တာဆိုရင် တစ်ကြိမ်ပြီးပြီ"

တပ်သားငယ်လေးက လွယ်လွယ်ကူကူ ပြီးမြောက်ခဲ့တာကြောင့် အားလုံးက တိတ်တဆိတ် ပျော်ရွှင်သွားကြသည်။ ကံကောင်းထောက်မစွာနဲ့ မခဲယဉ်းလှပေ။ သို့သော် ကုယွင်ပါးစပ်မှ နောက်ထပ်ထွက်လာသော စကားများက သူတို့ကို ချောက်ထဲသို့ ထိုးကျသွားစေပြန်သည်။ "တစ်ကျော့မှာ အခါ ခြောက်ဆယ်၊ တစ်ယောက်ကို ငါးကျော့လုပ်မယ်"

သူတို့ရဲ့နှလုံးသားတွေထဲမှာ ငိုကြွေးနေပေမယ့် ဘယ်သူကမှ ဘာမှ ပြန်မပြောရဲကြဘူး။

သူတို့ရဲ့ မချိတင်ကဲ ငိုချင်နေတဲ့မျက်နှာတွေကို ကြည့်ပြီး ကုယွင်က သူမနှလုံးသားထဲကနေ တိတ်တဆိတ် ဝမ်းသာနေပြီး နှုတ်ခမ်းကို လိမ္မာပါးနပ်စွာ ပင့်တင်လိုက်ကာ "အရွတ်ဆန့်တဲ့ လေ့ကျင့်ခန်းအတွက်က..."

လူအုပ်ထဲသို့ အကြည့်တစ်ချက်ဖြင့် ရှာဖွေလိုက်ပြီးနောက် ကုယွင်က သူမလက်ကို ဆန့်တန်းကာ တောထဲတွင် ဂျူဒိုအကြောင်းမေးခွန်းမေးခဲ့သော ကောင်လေးကို ညွှန်ပြကာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့သော အသံဖြင့် "မင်း၊ လာခဲ့ပါ"

"ဟုတ်ကဲ့" ကောင်လေးက သူ့ကျောရိုးများအထိ အေးစက်သွားစေသော ကြောက်စိတ်ကြောင့် ခေါင်းကို ငုံ့ထားသော်လည်း လုံးဝ မရပ်တန့်ဝံ့ဘဲ ကုယွင်ဆီသို့ ပြေးသွားလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now