လူအုပ်စုကြီးက ကျောက်နံရံအောက်တွင် ငြိမ်ငြိမ်လေးရပ်နေကာ ကုယွင်က သူတို့ကို လေ့ကျင့်ရန် ထူးဆန်းသော နည်းလမ်းတစ်ခု ပြောလာမည်ကို စိုးရိမ်နေကြသည်။ သူတို့အားလုံး အနည်းငယ် ကြောက်ရွံ့နေပေမယ့် ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသေးသည်။

ကုယွင်က သူတို့ကို အချိန်အကြာကြီး မမှန်းဆခိုင်းတော့ဘဲ ချောမွေ့ပြီး မတ်စောက်တဲ့ ကျောက်နံရံကို ညွှန်ပြပြီး "အဲ့နေရာကို လက်ဗလာနဲ့ တက်နိုင်တဲ့သူတွေ ထွက်လာခဲ့"

လက်ဗလာလား? တပ်သားအုပ်စုက အေးစက်တဲ့လေကို ရှုရှိုက်မိလိုက်ကြပြီး သစ်ပင်ကင်းမဲ့နေ ကျောက်နံရံကို ပြန်ကြည့်လိုက်မိကြသည်။ သူတို့က ချင်ကုန်းကို ကျွမ်းကျင်သော သိုင်းပညာရှင်များ မဟုတ်ကြပေ၊ သူတို့လိုသာမန်လူတွေက သူတို့ဘဝအတွက် စိတ်အားထက်သန်မှုမရှိတော့မှသာလျှင် ထိုနေရာသို့ သွားကြမည်ဖြစ်သည်။ (ချင်ကုန်းဆိုတာက ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး ပေါ့ပေါးပါးပါး လုပ်ရှားနိုင်အောင် လေ့ကျင့်တဲ့ တရုတ်ရိုးရာ ပညာရပ်တစ်ခုပါ၊ ကိုယ်တွေခေါ်တာတော့ အတွင်းအားပေါ့)

ဟန်ရှုက ကုယွင်ကို သံသယနဲ့ လှမ်းကြည့်လိုက်သည်။ သူမက သူတို့အသက်တွေကို လိုချင်နေတာလား? ကျောက်နံရံက အရမ်းမမြင့်ပေမယ့် ပြုတ်ကျရင် သေစေနိုင်သည်။ အဖွဲ့တစ်ခုလုံး သေမင်းတမန်ကို တွေ့လိုက်ရသလို တိတ်ဆိတ်သွားပြီးနောက် လူတစ်ချို့က အမှန်တကယ်ပင် ထွက်လာခဲ့သည်။

ကောကျင့်ယွင်နဲ့ လမ်ရှောင်းတို့ ပါနေမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သူတို့နောက်မှာတော့ အားကောင်းပြီး သန်မာတယ်လို့ ထင်ရတဲ့ လူငယ်တစ်ဒါဇင်ကျော်ကျော်လောက်ကို မြင်နိုင်သည်။

နှစ်ဆယ်။ ကုယွင်က သူမမျက်နှာမှာ ခံစားချက် ဒါမှမဟုတ် ဒေါသတွေ မပြဘဲ သူတို့ကို တိတ်တဆိတ် ရေတွက်လိုက်သည်။ ထိုနောက် သူမက "လူတိုင်း သုံးဖို့ ကြိုးတစ်ချောင်းစီ သွားရွေးလိုက်"

လူနှစ်ဆယ်က တစ်ယောက်တိုင်းတွင် လျှော်ကြိုးတစ်ချောင်းစီကို ကိုင်ထားကြသည်။ ကုယွင်က အလွန်မက်စောက်သော ကျောက်နံရံမှ ဆန့်ထွက်နေသော အကိုင်းအခက်များထူထပ်သော တောင်ထိပ်ပေါ်ရှိ သစ်ပင်ကြီးနှစ်ပင်ကို လက်ညှိုးထိုးပြကာ "မင်းတို့ ကြိုးရဲ့တစ်ဖက်ကို ကိုင်ထားပြီး နောက်တစ်ဘက်ကို အဲ့ပေါ်ကအကိုင်းကို ချည်နိုင်မယ့် နည်းလမ်းကို စဥ်းစားကြည့်ကြ၊ အဲ့ကိစ္စ မင်းတို့လက်ထဲကို အပ်လိုက်မယ်၊ တစ်စကို သစ်ပင်မှာ ချည်ပြီးရင် နောက်တစ်စကို ငါ့လက်ထဲ လာအပ်ကြ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now