အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်

Start from the beginning
                                    

" ဟယ် သွားပြီ ရှန်ချန် ပြန်လာပြီ...."

ရှန်ရှင်းသည် အနည်းငယ် သတိလက်လွတ်ဖြစ်သွားတော့သည်. သူမသည် အချိန်အကြာကြီး ရှာဖွေထားသဖြင့် ရှန်ချန်၏အခန်းက ရှုပ်ပွနေသည်။ သူမသည် ဘာကိုမှ မရှင်းလင်းပေးရသေးချေ။ သို့သော်ငြား သည်အချိန်မှာပင် ရှင်းလင်းဖို့ရန် အလွန်နောက်ကျသွားပြီဖြစ်ရာ ရှန်ရှင်းက ပျာယာခတ်ပြီးပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ မြန်မြန် ဆွဲချလိုက်ပြီးနောက် ရှန်ချန်၏အခန်းထဲမှ မြန်မြန်ထွက်လာခဲ့တော့သည်။

သူမ ထွက်လာသည်နှင့် ချက်ချင်း လေ့ကျင့်ခန်းလုပ်ပြီး အိမ်ပြန်လာသည့် ရှန်ချန်နှင့် သွားတိုးတော့သည်။ ရှန်ချန်သည် သူမက သူ့အခန်းက ထွက်လာသည်ကို မြင်လိုက်ရတော့ ချက်ချင်း မျက်မှောင်ကျုံ့သွားတော့သည်။

" နင် ဘာလုပ်နေတာလဲ"

ရှန်ရှင်းသည် ခိုးလာသည့် အကြမ်းစာရွက်ကို မဝှက်နိုင်သေးခင် ထိုနေရာမှာပင် သူမကို ရှန်ချန်က မိသွားတော့သည်။ သူမမှာ အလွန်လန့်ဖျတ်သွားပြီး ရင်တုန်သွား၏။ တစ်ခုခုကို ရုတ်ချည်း စဥ်းစားလိုက်ကာ ပြောလိုက်၏။

" ဘာမှမလုပ်ပါဘူး၊ အခုလေးတင် အပြင်မှာ လေပြင်းသွားလို့ထင်တယ်၊ နင့်အခန်းထဲက အသံကြားလို့ တစ်ချက်လာကြည့်တာ"

ထို့နောက် ရှန်ရှင်းက တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် ဟန်ဆောင်လိုက်ကာ အော်ပြောလိုက်လေသည်။

" အိုက်ယိုး နင့်ပစ္စည်းတွေက လေကြောင့် ကြမ်းပြင်ပေါ် လွှင့်ကျကုန်ပြီဟဲ့"

သူမသည် စကားမဆုံးခင် ရှန်ချန်၏အခန်းထဲ မြန်မြန်ပြန်ဝင်သွားပြီး ပစ္စည်းများကို ကောက်ကူရန် စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

လေက အားလုံးကို တိုက်ချသွားတာတဲ့လား။ ရှန်ချန်သည် အလန့်တကြားဖြစ်သွားတော့သည်။ သူသည် ရှန်ယွဲ့က သူ့အတွက်ဝယ်ပေးထားသည့် စျေးကြီးသည့်ကွန်ပျူတာကို သတိရသွား၏။ ကျွန်ပျူတာသာ ပျက်သွားရင် ကိုက်ညီတဲ့အစိတ်အပိုင်းပြန်ရဖို့ အရမ်းခက်သွားမှာ။ ထိုစကားကို သတိရသွားပြီး သူလည်း မြန်မြန်လိုက်ဝင်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now