အပိုင်း (၉၃) စပရိုက်သေးသေးလေး

Start from the beginning
                                    

ဒါသည် ယောက်ျားတစ်ယောက်၏ ချစ်ကြိုက်ခန်းဗီဒီယိုတစ်ခု ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ဖူးခြင်းပင်။ ကျိုးရွှမ်းမှာ ညစ်ညမ်းသွားသလို ခံစားလိုက်ရတော့သည်။

" ဥက္ကဋ္ဌကျိုး ချမ်းသာပေးပါ ကျွန်တော့်ကို ချမ်းသာပေးပါ"

ဟယ်ရှန့်သည် ကျိုးရွှမ်း၏လေသံကို ကြားလိုက်ရချိန်၌ ဘောင်းဘီထဲတွင် သေးထွက်ကျတော့မတတ်ပင်။ သူသည် ကျိုးရွှမ်းရှေ့တွင် ဒူးထောက်ကာ ဦးချတောင်းပန်လေတော့သည်။

" မင်း မနေ့ကပြောတော့ သူက မင်းရဲ့အိုင်ဒေါပါဆို"

ကျိုးရွှမ်းသည် အံကြိတ်ထားသည့် သွားများကြားမှာ ထိုစကားလုံးများကို ညစ်ထုတ်လိုက်ပြီး လူသ-တ်ချင်စိတ်ကို ထိန်းချုပ်ထားရတော့သည်။

သူ့ဘေးက အတွင်းရေးမှူးက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို ဂရုတစိုက်ယူလာပေးလိုက်သည်။ သူသည် အသက်မရှူရဲဘဲ ကျိုးရွှမ်း၏လက်ဘေးတွင် လက်ဖက်ရည်ခွက်ကို အသာအယာချပေးလိုက်ပြီး ဟယ်ရှန့်အား ကိုယ်ချင်းစာသည့်အကြည့်ဖြင့် ကြည့်နေလိုက်သည်။

" မဟုတ်ပါဘူး မဟုတ်တော့ပါဘူး ဒီနေ့ကပြီး သူက ကျွန်တော်နဲ့ ပြန်မပြေလည်နိုင်တော့တဲ့ ရန်သူဖြစ်သွားပါပြီ၊ ကျွန်တော်တို့တွေ အတူတူယှဥ်တွဲနေလို့ မရတော့ပါဘူး၊ ဥက္ကဋ္ဌကျိုး တစ်ယောက်ထဲကပဲ ကျွန်တော့်ရဲ့အိုင်ဒေါပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့ဗျာ" ဟယ်ရှန့်က ခါးခါးသီးသီး ပြုံးလိုက်၏။

ဒီနေ့ မတိုင်ခင်ကအထိ သူက ဟက်ကာအဆင့်သတ်မှတ်ချက်ပေါ်က အဆင့်၁ ဇီးရိုးကို တကယ်ပဲ လေးစားအားကျခဲ့တာလေ။ မနေ့တုန်းက ဇီးရိုးကို ရှုံံးသွားတုန်းကတောင် သူမကို လေးစားစိတ်အပြည့် ဖြစ်နေသေးတယ်။ ဒါပေမယ့် ဒီနေ့မနက်စောစောစီးစီး ကျိုးရွှမ်းက သူ့အသက်ပျောက်သွားအောင် လုပ်တော့မလိုဖြစ်ခဲ့ပြီး သူ့သူဌေးက ကုမ္ပဏီတစ်ခုလုံးရှေ့မှာ အရှက်ကွဲသွားအောင် ဖြစ်စေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။

ဇီးရိုးသာ အရမ်းအငြိုးကြီးပြီး ရက်စက်မှန်း ကြိုသိခဲ့ရင် သူသေသွားရင်တောင် သူမကို သူ့အိုင်ဒေါလို့ သတ်မှတ်ခဲ့မိမှာမဟုတ်ဘူး။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now