အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်

Start from the beginning
                                    

ကွန်ပျူတာစခရင်ပေါ်က လုပ်ချက်ဘားတန်းသည် အောင်အောင်မြင်မြင်ထည့်သွင်းလိုက်သည့် ဗိုင်းရက်စ်က လမ်းတစ်ဝက်တွင် ရပ်နေသည်ကို ပြသနေလေသည်။ မိနစ်ဝက်ကြာပြီးနောက် ဘားတန်းက ဆက်တက်မလာတော့ချေ။

တစ်ချိန်ထဲတွင် ရှန်ချန်သည် သူ့အိမ်စာများ လုပ်ပြီးသွားသဖြင့် ခါတိုင်းလိုပင် အိပ်ရာပေါ်တွင် ဖုန်းထဲက သတင်းများကို ကြည့်နေလေသည်။ ဖျော်ရေးသတင်းများကို အားရပါးရကြည့်နေစဥ်မှာပင် သူ့ဖုန်းပေါ်ဥ အနီရောင်စာလေးတစ်ခု ရုတ်တရက်ကျလာတော့သည်။

[သတိပေးချက်! ဖုန်းထဲ အမည်မသိဗိုင်းရက်စ်တစ်ခု ကူးစက်နေပါတယ်၊ firewallကနေပြီး ယာယီပိတ်ဆို့ထားပါတယ်၊ ကျေးဇူးပြုပြီး မြန်မြန်ရှင်းလင်းပေးပါ]

သူ့ဖုန်းထဲမှာ ဗိုင်းရက်စ် ရှိနေတာလား။ ရှန်ချန်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ဒါပေမယ့် သူ့ဖုန်းက ပုံမှန်မဟုတ်တဲ့ဘယ်ဝက်ဘ်ဆိုက်ထဲကိုမှ တစ်ခါမှ မဝင်ခဲ့ဘူးလေ။ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်တွေကိုလည်း မနှိပ်ခဲ့ဖူးပါဘူး။ ဒီဗိုင်းရက်စ်က ဘယ်ကနေရောက်လာတာလဲ။ ဒါမှမဟုတ် prank တစ်ခုလား။

မျှော်လင့်ချက် အရိပ်အယောင်လေးတစ်ခုဖြင့် ရှန်ချန်သည် ပေါ်လာသည့် သတိပေးချက်စာကို ဖျက်ဖို့ ကြိုးစားလိုက်လေသည်။ သို့သော် သူ ဖယ်ရှားလိုက်သည်နှင့် စာက လှုပ်နေတော့သည်။ မှိတ်တုတ်မှိတ်တုတ်ဖြင့် အနီရောင်သတိပေးစာများက ပြဿနာ၏လေးနက်မှုကို ဆက်တိုက်ပြနေတော့သည်။

သည်အခိုက်တွင် သူ့ဖုန်းကို ထိန်းချုပ်လို့မရတော့ချေ။ ရှန်ချန်သည် အနည်းငယ် ပျာယာခတ်သွားတော့သည်။ သူသည် ရှန်ယွဲ့အခန်းကို သတိလက်လွှတ် ကြည့်လိုက်မိ၏။ ရှန်ယွဲ့မှာ သည်နေ့ည စိတ်ဆိုးနေသည်ကို စဥ်းစားမိလိုက်ပြီး ခဏလောက် တွေဝေသွားပြီးမှ restart ခလုတ်ကို နှိပ်ဖို့ ကြိုးစားလိုက်တော့သည်။

သို့သော် စခရင်ပေါ်က restart icon သည် စက္ကန့်ပိုင်းမျှ လင်းလာပြီးနောက် ချက်ချင်း မှိန်သွားတော့သည်။ သတိပေးစာက တဖျတ်ဖျတ်ဆက်တိုက်လင်းနေ၏။ နောက် ၅စက္ကန့်လောက်ကြာပြီးနောက် ရှန်ချန်၏ဖုန်းသည် မဲနက်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now