အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

Start from the beginning
                                    

ကျိုးရွှမ်းကလည်း ပြောသည်။

" မင်း အင်တာနက်သုံးနေသ၍ အင်တာနက်ပေါ်မှာ ခြေရာလက်ရာတော့ သေချာပေါက်ကျန်ခဲ့တယ်"

" ဝိုး တကယ်အထင်ကြီးစရာပဲ"

လင်ရှောင်း၏မျက်လုံးများသည် လင်းလက်လာပြီး စိတ်ရင်းနှင့် ချီးကျူးစကားပြောလိုက်တော့သည်။ သူသည် ပုစ္ဆာကိုဖြေရှင်းခဲ့သူအကြောင်းကို ပရော်ဖက်ဆာများထံယူသွားချိန်က ပရော်ဖက်ဆာများသည့် အလွန်ပျော်ရွှင်နေကြမည်ကို စိတ်ကူးကြည့်နိုင်လေသည်။

ဟယ်ရှန့်က အနည်းငယ်ရှက်သွားတော့သည်။ သူက ပြုံးကာ ပြောလိုက်လေသည်။

"ကျွန်တော့်ဟက်ကာစကေးအားလုံးက ဥက္ကဋ္ဌကျိုး သင်ထားပေးတာပါ၊ ဥက္ကဋ္ဌကျိုးက ကျွန်တော့်ထက် အများကြီးတော်ပါတယ်"

ကမ္ဘာ့အဆင့် ၁၄ရှိတဲ့ ဟယ်ရှန့်ထက် အများကြီးတော်တယ်တဲ့လား။ လင်ရှောင်းသည် ပထမဆုံး အံ့ဩသွားပြီးနောက် စိတ်အေးသွားတော့သည်။ သူက ပြုံးကာ ပြန်ပြောလိုက်လေသည်။

" စီနီယာကျိုးက ကမ္ဘာအဆင့် ၁၄ရှိတဲ့ ဟက်ကာတစ်ယာက်ကို သင်ပေးနိုင်တယ်ဆိုတော့ သူ့အဆင့်က ကမ္ဘာမှာ နံပါတ်တစ်ဖြစ်ရမယ် ဟုတ်တယ်မလား"

"မဟုတ်ပါဘူး"

ကျိုးရွှမ်းက ခေါင်းခါပြလိုက်လေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဟက်ကာအဆင့်သတ်မှတ်ချက်၏ ပထမနေရာတွင် ဇီးရိုးအမည်ရှိ လူတစ်ယောက်က တစ်နှစ်လုံး နေရာယူထားခဲ့သည်။ သူမသည် နိုင်ငံများစွာနှင့် အဖွဲ့အစည်းများစွာ၏ နောက်ဆုံး လျှို့ဝှက်databaseကို ထိုးဖောက်ခဲ့သည်။ မရေမတွက်နိုင်သည့်လူများစွာက သူမကို မုန်းတီးခဲ့ကြသော်လည်း သူတို့သည် သူမကို ရှာတွေ့ရန် တောင့်တနေခဲ့ကြသည်။

ဟက်ကာစကေးနှင့်ပတ်သက်လာလျှင် ဇီးရိုးသည် လုံးဝပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လေသည်။ သူမကို မည်သူက စိန်ခေါ်ပါစေ သူတို့သည် အလွယ်တကူရှုံးနိမ့်ခဲ့ကြသည်။ ဇီးရိုးက ဤသို့ပင် ပြောခဲ့သေးသည်။ တစ်ဦးတစ်ယောက်က သူမ၏သရုပ်မှန်ကို ရှာတွေ့နိုင်ခဲ့လျှင် သူမက ကမ္ဘာနံပါတ်တစ်နေရာကို လွဲပေးမည်ဟူ၍။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now